တိုင်းနဲ့ပြည်နယ် လက်ဝှေ့ပြိုင်ပွဲတွင် ချင်းပြည်နယ်က ရွှေတံဆိပ်ဆုအပါအဝင် ဆု (၈)ခုရရှိ

၂၀၁၉၊ အောက်တိုဘာ (၁၈)
၂၀၁၉ ခုနှစ် တိုင်းဒေသကြီး နဲ့ ပြည်နယ် လက်ဝှေ့ပြိုင်ပွဲတွင် ချင်းပြည်နယ်ကိုယ်စားပြုအားကစားသမားများက ရွှေတံဆိပ်ဆု (၂)ခု နဲ့အခြားဆု (၆)ခု ရရှိသွားပါတယ်။

ယင်းပွဲပြိုင်ကို အောက်တိုဘာ ၁၀ ရက်မှ ၁၈ ရက်ထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံ၌ နေ့စဉ်ညနေ (၃)နာရီတွင် ယှဉ်ပြိုင်ကစားကြပါတယ်။

ရွှေတံဆိပ်ဆု ရရှိတဲ့သူတွေကတော့ အမျိုးသားမှ ငိုင်းလိန်း (၄၆ ကီလို)၊ ပီတာရှယ်ထန်း (၅၆ ကီလို) တို့ဖြစ်ပါတယ်။ အခြားဆုတွေကတော့ အမျိုးသားတွင် ငွေတံဆိပ်ဆု (၁)ခု၊ ကြေးတံဆိပ်ဆု (၁)ခုဖြစ်ပြီး အမျိုးသမီးများတွင် ကြေးတံဆိပ်ဆု (၄)ခု အသီးသီးရရှိကြပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် လက်ဝှေ့ပြိုင်ပွဲတွင် တစ်နိုင်ငံလုံးမှ (၁၄)သင်းပါဝင်ပြီး စုစုပေါင်းအားကစားသမား (၁၀၉)ဦးပါဝင်ယှဉ်ပြိုင်ကြပါတယ်။ ချင်းပြည်နယ်မှ အမျိုးသား (၇)ဦး နဲ့ အမျိုးသမီး (၅)ဦးပါဝင်ကြပါတယ်။

ချင်းပြည်နယ် ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ကြတဲ့ ကစားသမားများနဲ့ မြို့နယ်၊ ပြည်နယ်အားကာမှူးများအားတွေ့ရစဉ် (Photo: Ko Simon)

ငွေသားဆုအနေနဲ့ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ ပထမဆု ငါးသောင်း၊ ဒုတိယဆု သုံးသောင်း၊ တတိယဆု နှစ်သောင်းကျပ်ချီးမြှင့်သွားပါတယ်။

ချင်းပြည်နယ်အစိုးရက ဆီမီးဖိုင်တက်တဲ့ အမျိုးသား သုံးဦးကို ငါးသောင်းစီဆုချီးမြှင့်ပြီး ရွှေတံဆိပ်ဆုရရှိတဲ့သူကို တစ်ယောက် ငါးသိန်းဆီ ချင်းအမျိုးသားနေ့တွင် ချီးမြှင့်သွားမယ်လို့ မတူပီမြို့နယ် အားကာမှူး ဦးရှီးမွန်ကဆိုပါတယ်။

ချင်းပြည်နယ် ကိုယ်စားပြု လက်ဝှေ့အားကစားတွင် မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ တီးတိန်မြို့နယ် နဲ့ တွန်းဇံမြို့နယ်မှ ကစားသမားများပါဝင်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်