တီးတိန်မြို့တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ဖို့ သိန်း ၄၀၀၀ ကျော်အလှူငွေရရှိပြီ

တီးတိန်မြို့တွင် ၁ ရက်အောက်ဆီဂျင် ဗူး ၂၀၀ ဝန်းကျင် ထုတ်နိုင်မယ့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ဖို့ အလှူငွေ သိန်း ၄၂၀၀ ကျော်ရရှိပြီလို့ အမေရိကန်ဇိုမီးနှစ်ခြင်းအသင်းတော်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အောက်ဆီဂျင်စက်ရုံတည်ဆောက်ဖို့အတွက် အလှူငွေကို သြဂုတ်လ ၁၂ ရက်ထိ ကောက်ခံမှာဖြစ်ပြီး စက်ရုံကိုတီးတိန်မြို့တွင်တည်ဆောက်ကာ ကလေးမြို့နဲ့ တွန်းဇံမြို့သို့ဆက်လက်ဖြန့်ဝေမှာဖြစ်တယ်လို့သိရတယ်။

အောက်ဆီဂျင်စက်အတွက် စရံငွေ သိန်း ၅၀၀ ပေးအပ်ထားပြီး ရက် ၄၀ အတွင်းအပြီးတည်ဆောက်မယ်လို့လည်းသိရတယ်။

ကလေးမြို့ကို တစ်ရက် အောက်ဆီဂျင် ဗူး ၁၂၀ ဖြန့်ဝေမှာဖြစ်ပြီး တွန်းဇံမြို့ကို တစ်ရက် ဗူး ၄၀ ဖြန့်ဝေမှာဖြစ်ပါတယ်။

(Zawgyi)





နောက်ဆုံးရသတင်းများ

ချင်းပြည်နယ် စစ်ရေးနှင့် ဖြစ်လာနိုင်ခြေ အကျိုးဆက်များ

R.Lakher ချင်းလူမျိုးသည် မြန်မာနိုင်ငံတွင် မတူကွဲပြားမှု အများဆုံး လူမျိုးဖြစ်သည်။ချင်းလူမျိုးကို လူမျိုးစု ၅၃ မျိုးဖြင့်ဖွဲ့စည်းထား သည်ဟု အ ကြ​မ်းအားဖြ​င့်သိကြသည်။ဤ အချက်သည် မှန်ကန်မှု မရှိပေ။ သို့သော် ၃၀ နှင့် ၅၀ အကြားရှိမည်ဟု ...

ဆက်ဖတ်ရန်