တီးတိန်မြို့နယ်မှာ ဆိုင်ကယ်မှောက်ပြီးသေဆုံးတဲ့ အမည်မသိ အမျိုးသားအလောင်းတွေ့ရှိ

စက်တင်ဘာ ၂၀၊ ၂၀၂၃

 ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တုန်းဇံကျေးရွာနဲ့ ငါလ်ဘွားလ် (Ngal Bual) ကျေးရွာကြားမှာ ဆိုင်ကယ်မှောက်ပြီး အမျိုးသားတစ်ဦး သေဆုံးနေတာကိုစက်တင်ဘာ ၁၉ရက်နေ့က တွေ့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူ အမျိုးသားဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ကို အတိအကျမသိရှိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

” ဆိုင်ကယ်နဲ့ ယောက်ျားလေးတစ်ယောက်လဲ နေတာကို တွေ့တာပဲ။ ဘယ်သူဘယ်ဝါမှန်းမသိဘူး။ မိုးကလည်းရွာနေတော့ လမ်းချော်ပြီး မှောက်တာဖြစ်မယ်။ တွေတဲ့ချိန်မှာ သူက သေနေပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ သေဆုံးသူအမျိုးသားရဲ့ အလောင်းကို ငါလ်ဘွားလ် (Ngal Baul) ZYA လူမှုကူညီရေးအသင်းက ထိန်းသိမ်းပေးထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

တစ်နှစ်အတွင်း မြဝတီကျားဖြန့် ကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်

၉၊ ဇူလိုင်၊ ၂၀၂၅Zalen ၂၀၂၄ ဇူလိုင် ကနေ ၂၀၂၅ ဇူလိုင်အထိ တစ်နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် တွေကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်လာခဲ့တယ်လို့ ရန်ကုန်ရှိ အိန္ဒိယသံရုံးက ...

ဆက်ဖတ်ရန်