တီးတိန်မြို့နယ်မှာ လက်နက်ကြီးကြောင့် အဘွားတစ်ဦး သေဆုံး

၂၃၊ဧပြီ၊ ၂၀၂၄

Zalen

တီးတိန်မြို့နယ်၊ မိုင်နွဲ့ရွာမှာ ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးဒုက္ခသည် ၆၇နှစ်အရွယ် အဘွားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ တီးတိန်မြို့နယ်၊ မိုင်နွဲ့ရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်၀င်ရောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

Zalen ad

“ မိုင်နွဲ့က ကလေးမြောက်ပိုင်းနဲ့နီးတယ်။ ပျဉ်းခုံကြီးရွာရဲ့အနောက်ဘက်မှာလေ။ ကလေးနဲ့တီးတိန်အစပ်ပေါ့၊ စစ်ကောင်စီက ပစ်ခတ်ပြီး မိုင်နွဲ့ထဲကို ၀င်လာတာ။ အဲ့မှာ ယောက်ချိုကွင်းကနေ စစ်ရှောင်လာတဲ့ အဘွားတစ်ဦးကိုထိသွားတာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဧပြီ ၂၂ရက်နေ့မှာ စစ်ကောင်စီတပ်က မိုင်နွဲ့ရွာက ‌နေအိမ်တွေကို မီးရှို့ခဲ့ပြီး မီးလောင်ပျက်စီးတဲ့ နေအိမ် အရေအတွက်ကို အတိအကျ မသိရသေးပါဘူး။

ကလေးမြို့နယ်၊ ယောက်ချိုကွင်းရွာနဲ့ တီးတိန်မြို့နယ်၊ မိုင်နွဲ့ရွာဟာ တစ်မိုင်ခန့်သာ ကွာဝေးပြီး ဧပြီ ၁၉ရက်နေ့ကလည်း ယောက်ချိုကွင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပါတယ်။

အဲဒီရွာတွေဟာ အိမ်ခြေတစ်ရာခန့်စီရှိပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ ကျေးရွာ နှစ်ရွာလုံးက ဒေသခံ‌တွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

သတင်း- Mary

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်