တီးတိန်မြို့နယ်၊ သိုင်ငင်းကျေးရွာက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF Zoland,CDF CDM Siyin ဝင်တိုက်

၃၊ နိုဝင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်ငင်းကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးရေးဂိတ် စခန်းကို စီးယင်း ဒေသကာကွယ်ရေး PDF Zoland, CDF CDM Siyin အဖွဲ့က နိုဝင်ဘာ ၃ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ မနက်အစောကြီး အသံတွေကြားရတယ်။ စစ်ဆေးရေးဂိတ်မှာ တိုက်ပွဲဖြစ်တာပါ။ အထိအခိုက်အကျအဆုံးကတော့ မသိရသေးဘူး” လို့ သိုင်းငင်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

သိုင်းငင်းစစ်ဆေးရေးဂိတ်ဟာ ခရီးသွားလာတဲ့ပြည်သူတွေကို မှတ်ပုံတင်စစ်ဆေးတာ၊ ပစ္စည်းတွေ စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး ကုန်တင်ကားတွေကို ငွေကြေး အဆမတန်ကောက်ခံတာမျိုးတွေ ရှိနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ၂ရက်နေ့ ညပိုင်းမှာလည်း ကလေးမြို့၊ စက်မှုဇုန်အနီးမှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပြီး ပစ်ခတ်သံတွေကို ကြားနေရတာ ငါးရက်ဆက်တိုက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ် စစ်ရေးနှင့် ဖြစ်လာနိုင်ခြေ အကျိုးဆက်များ

R.Lakher ချင်းလူမျိုးသည် မြန်မာနိုင်ငံတွင် မတူကွဲပြားမှု အများဆုံး လူမျိုးဖြစ်သည်။ချင်းလူမျိုးကို လူမျိုးစု ၅၃ မျိုးဖြင့်ဖွဲ့စည်းထား သည်ဟု အ ကြ​မ်းအားဖြ​င့်သိကြသည်။ဤ အချက်သည် မှန်ကန်မှု မရှိပေ။ သို့သော် ၃၀ နှင့် ၅၀ အကြားရှိမည်ဟု ...

ဆက်ဖတ်ရန်