တီးတိန်မြို့မှာ စစ်ကောင်စီ ရဲတပ်သားလေးဦးကို PDF Zoland ဖမ်းဆီး

ချစ်ခြင်းနွေ/၃၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်ကောင်စီ ရဲတပ်သားလေးဦးကို PDF Zoland အဖွဲ့က အောက်တိုဘာ ၂ရက်နေ့မျာ ဖမ်းဆီးခဲ့တယ်လို့  သိရပါတယ်။

အဲဒီရဲတပ်သားတွေဟာ အိန္ဒိယ-မြန်မာနယ်စပ် တီးတိန်-ရိဒ် ကားလမ်းကို ဖြတ်သန်းသွားလာတဲ့ ကုန်ကားတွေကို ငွေကြေး တောင်းခံတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ PDF Zoland က ပြောပါတယ်။

ကားမောင်းသူတွေကို ငွေကြေး အဆမတန် တောင်းခံတာကို ရပ်တန့်ဖို့ PDFZoland က နှစ်ပတ်ကြိုတင်သတိပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိတာကြောင့် အခုလို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဒုတပ်ကြပ် ကျော်သူရစိုး၊ ခုပ်ခန်တုန်း ၊ စည်သူမိုး၊ ချမ်းငြိမ်ကျော် တို့ဖြစ်ပါတယ်။

သူတို့ကို တီးတိန်မြို့တွင်းမှာ အရပ်ဝတ်နဲ့ သွားလာနေချိန်မှာ PDF Zoland ကဖမ်းဆီးထားခဲ့တာဖြစ်ပြီး အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်