ချစ်ခြင်းနွေ/၃၊ အောက်တိုဘာ၊ ၂၀၂၃
Zalen
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်ကောင်စီ ရဲတပ်သားလေးဦးကို PDF Zoland အဖွဲ့က အောက်တိုဘာ ၂ရက်နေ့မျာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီရဲတပ်သားတွေဟာ အိန္ဒိယ-မြန်မာနယ်စပ် တီးတိန်-ရိဒ် ကားလမ်းကို ဖြတ်သန်းသွားလာတဲ့ ကုန်ကားတွေကို ငွေကြေး တောင်းခံတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ PDF Zoland က ပြောပါတယ်။
ကားမောင်းသူတွေကို ငွေကြေး အဆမတန် တောင်းခံတာကို ရပ်တန့်ဖို့ PDFZoland က နှစ်ပတ်ကြိုတင်သတိပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိတာကြောင့် အခုလို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဒုတပ်ကြပ် ကျော်သူရစိုး၊ ခုပ်ခန်တုန်း ၊ စည်သူမိုး၊ ချမ်းငြိမ်ကျော် တို့ဖြစ်ပါတယ်။
သူတို့ကို တီးတိန်မြို့တွင်းမှာ အရပ်ဝတ်နဲ့ သွားလာနေချိန်မှာ PDF Zoland ကဖမ်းဆီးထားခဲ့တာဖြစ်ပြီး အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။