တူမီးထီကို အတော်ကြိုးစားပြီးမှ ရောင်းရတယ်လို့ တာဝန်ရှိသူကပြော

ချင်းတော်လှန်ရေးတပ်တွေကိုကူညီပံ့ပို့ရန်ဖွင့်လှစ်ထားတဲ့ တူမီးထီကို မေ ၃၁ ရက်က ပထမဆုံးအကြိမ်မဲဖေါက်ရာ အစောင်ရေ ၁၅၀၀ ရောင်းရတယ်လို့ တာဝန်ရှိသူတွေထံမှသတင်းရရှိပါတယ်။

တူမီးထီကို ၁ ဆောင် ၅ ဒေါ်လာနဲ့ရောင်းချပြီး ထီရောင်းရငွေ စုစုပေါင်း ဒေါ်လာ ၇၅၀၀ မြန်မာငွေ သိန်း ၁၀၀ ကျော်ရရှိခဲ့ကြပါတယ်။

ပထမဆုံးအကြိမ် တူမီးထီရောင်းချခြင်းအတွေ့အကြုံနဲ့ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက “တချို့ဆို တစ်ယောက်က အစောင် ၂၀ ဝယ်တဲ့သူတွေလည်းရှိတယ်ပေါ့နော်။ ဒါပေမယ့် အခု ရောင်းလိုက်ရတဲ့အစောင်ရေက အားရကျေနပ်မှုမရှိဘူး။ ဒီလောက်ရောင်းရတယ်ဆိုတာလည်း ကျနော်တို့ အတော်ကြိုးစားပြီးမှာရောင်းရတာ။ ပြည်သူတွေ အားပေးမှုနည်းသေးတယ်” လို့ပြောပါတယ်။

ပထမအကြိမ် တူမီးထီမဲဖောက်ရာ ပထမဆု ဒေါ်လာ ၁၀၀၀ ကို စင်ကာပူမှာနေထိုင်သူတစ်ဦးကရရှိပြီး ဆုငွေထဲက ဒေါ်လာ ၃၀၀ ကို ချင်းတော်လှန်ရေးအတွက်ပြန်လှူသွားပါတယ်။ ထီဆုကို ပထမဆုကနေ ပဉ္စမဆုအထိပေးအပ်ခဲ့ကြပါတယ်။

ဒုတိယအကြိမ် တူမီးထီကို ဇွန်လ ၂ ရက်နေ့တွင် ပြန်လည်ရောင်းချမှာဖြစ်ပြီး ဇွန်လနောက်ဆုံးပတ်မှာ မဲဖေါက်သွားမယ်လို့သိရတယ်။

တူမီးထီထိုးလိုပါက Facebook တွင် တူမီးထီ Page https://www.facebook.com/chinlottery ထဲမှာဝင်ရောက်ပြီး အွန်လိုင်းကနေ ထီထိုးနိုင်ပါတယ်။

Zawgyi

တူမီးထီကို အေတာ္ႀကိဳးစားၿပီးမွ ေရာင္းရတယ္လို႔ တာဝန္ရွိသူကေျပာ

ခ်င္းေတာ္လွန္ေရးတပ္ေတြကိုကူညီပံ့ပို႔ရန္ဖြင့္လွစ္ထားတဲ့ တူမီးထီကို ေမ ၃၁ ရက္က ပထမဆုံးအႀကိမ္မဲေဖါက္ရာ အေစာင္ေရ ၁၅၀၀ ေရာင္းရတယ္လို႔ တာဝန္ရွိသူေတြထံမွသတင္းရရွိပါတယ္။

တူမီးထီကို ၁ ေဆာင္ ၅ ေဒၚလာနဲ႔ေရာင္းခ်ၿပီး ထီေရာင္းရေငြ စုစုေပါင္း ေဒၚလာ ၇၅၀၀ ျမန္မာေငြ သိန္း ၁၀၀ ေက်ာ္ရရွိခဲ့ၾကပါတယ္။

ပထမဆုံးအႀကိမ္ တူမီးထီေရာင္းခ်ျခင္းအေတြ႕အႀကဳံနဲ႔ပတ္သက္ၿပီး တာဝန္ရွိသူတစ္ဦးက “တခ်ိဳ႕ဆို တစ္ေယာက္က အေစာင္ ၂၀ ဝယ္တဲ့သူေတြလည္းရွိတယ္ေပါ့ေနာ္။ ဒါေပမယ့္ အခု ေရာင္းလိုက္ရတဲ့အေစာင္ေရက အားရေက်နပ္မႈမရွိဘူး။ ဒီေလာက္ေရာင္းရတယ္ဆိုတာလည္း က်ေနာ္တို႔ အေတာ္ႀကိဳးစားၿပီးမွာေရာင္းရတာ။ ျပည္သူေတြ အားေပးမႈနည္းေသးတယ္” လို႔ေျပာပါတယ္။

ပထမအႀကိမ္ တူမီးထီမဲေဖာက္ရာ ပထမဆု ေဒၚလာ ၁၀၀၀ ကို စင္ကာပူမွာေနထိုင္သူတစ္ဦးကရရွိၿပီး ဆုေငြထဲက ေဒၚလာ ၃၀၀ ကို ခ်င္းေတာ္လွန္ေရးအတြက္ျပန္လႉသြားပါတယ္။ ထီဆုကို ပထမဆုကေန ပၪၥမဆုအထိေပးအပ္ခဲ့ၾကပါတယ္။

ဒုတိယအႀကိမ္ တူမီးထီကို ဇြန္လ ၂ ရက္ေန႔တြင္ ျပန္လည္ေရာင္းခ်မွာျဖစ္ၿပီး ဇြန္လေနာက္ဆုံးပတ္မွာ မဲေဖါက္သြားမယ္လို႔သိရတယ္။

တူမီးထီထိုးလိုပါက Facebook တြင္ တူမီးထီ Page https://www.facebook.com/chinlottery ထဲမွာဝင္ေရာက္ၿပီး အြန္လိုင္းကေန ထီထိုးႏိုင္ပါတယ္။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ် စစ်ရေးနှင့် ဖြစ်လာနိုင်ခြေ အကျိုးဆက်များ

R.Lakher ချင်းလူမျိုးသည် မြန်မာနိုင်ငံတွင် မတူကွဲပြားမှု အများဆုံး လူမျိုးဖြစ်သည်။ချင်းလူမျိုးကို လူမျိုးစု ၅၃ မျိုးဖြင့်ဖွဲ့စည်းထား သည်ဟု အ ကြ​မ်းအားဖြ​င့်သိကြသည်။ဤ အချက်သည် မှန်ကန်မှု မရှိပေ။ သို့သော် ၃၀ နှင့် ၅၀ အကြားရှိမည်ဟု ...

ဆက်ဖတ်ရန်