တောင်ခင်ရန်းရွာကိုလေကြောင်းထပ်မံပစ်ခတ်ပြီးပျူစောထီးကျေးရွာတွေကိုရိက္ခာချပေး

၂၀ ၊ နို၀င်ဘာ ၊၂၀၂၅

Zalen

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ တောင်ခင်ရန်းကျေးရွာကို ဒီကနေ့ နို၀င်ဘာလ ၂၀ ရက်နေ့ မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ပြီး ပျူစောထီး ကျေးရွာတွေမှာ ရိက္ခာတွေချပေးနေတယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

ပျူစောထီးကျေးရွာ‌တွေဖြစ်တဲ့ မြောက်ခင်ရန်း ၊ ဟံသာ၀တီကျေးရွာ တွေမှာ စစ်ကောင်စီတပ်က Y-12 ၊ စစ်ထောက်ပို့ရဟတ်ယာဉ်တွေနဲ့ ရိက္ခာတွေကို လာရောက်ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လို့ ဒေသခံအမျိုးသားတစ်ဦးက “ရွာထဲကိုကျတယ်တဲ့။မနေ့ကပစ်တဲ့နေရာ အနီးအနားတွေထပ်လာပစ်တာပါ။ ဘူတာနားကလယ်ကွင်းတွေထဲ ကျတာတဲ့။အထိအခိုက်တော့မသိရသေးဘူး” လို့ Zalen ကိုပြောပါတယ်။

ပျူစောထီးကျေးရွာတွေမှာလည်း လက်နက် ၊ ခဲယမ်း တွေကို လေထီးနဲ့ချပေးထားပြီး အထုပ်အရေအတွက်ဘယ်လောက်ချပေးတယ်ဆိုတာ ‌အသေးစိတ်မသိရဘူးလို့ ၎င်းက ရှင်းပြပါတယ်။

နို၀င်ဘာလ ၁၈ ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ခင်ခင်‌ရန်းကျေးရွာက အမျိုးသား ၁ ဦးသေဆုံးပြီး၊၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

သတင်း – ယောနေ

ဓာတ်ပုံ – နို၀င်ဘာလ ၁၈ ရက် ညက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးတဲ့ပုံ

#လေကြောင်းတိုက်ခိုက်မှု

#မကွေးတိုင်း#ဂန့်ဂေါ#ပျူစောထီး#ဗုံးကြဲ#စစ်ကောင်စီ#zalen

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်