တောထဲလိပ်ပြာဥရှာတဲ့အမျိုးသမီး စစ်ကောင်စီမိုင်းနင်းမိလို့ သေဆုံး

EC၊ ၁၈၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇောင်လဲ (Zawnglei khua) ကျေးရွာနေ ဒေါ်ဗျက်နှမ်- Nu Biak Hnem (၄၅နှစ်)ဟာ ထင်းရူးစခန်းမှာတပ်စွဲ စစ်ကောင်စီစခန်းအနီးမှာ လိပ်ပြာဥရှာနေတုန်း မိုင်းနေမိလို့ သွေးထွက်လွန်ကာသေဆုံးတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ကလေး ၆ ယောက်မိခင် ဒေါ်ဗျက်နှမ်နဲ့ ရွာထဲကအမျိုးသမီး ၄ ယောက်တို့ဟာ ယနေ့ အောက်တိုဘာ ၁၈ ရက်မနက်ပိုင်းတွင် တောထဲ လိပ်ပြာဥရှာနေကြစဉ် စစ်ကောင်စီစခန်းအနီးမှာ မိုင်းနင်းမိလို့ ညာဘက်ခြေထောက်ပြတ်ပြီး သွေးထွက်လွန်ကာ သေဆုံးတယ်လို့သတင်းရရှိပါတယ်။

CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျူံးငိုင်းက “ထင်းရူးစခန်း စစ်ကောင်စီတွေက စခန်းကို သံဆူးကြိုးနဲ့သုံးထပ် ခြံစည်းရိုးခတ်ထားတယ်။ အဲ့ဒီ ခြံစည်းရိုးအပြင်ဘက်ထိ မိုင်းတွေထောင်ထားလို့ဖြစ်တာ” လို့ပြောပါတယ်။

အရင်လတုန်းကလည်း ဗားရ်ကျေးရွာ မဏီပူရ်မြစ်ထဲမှာ တစ်ယောက်ထဲငါးရှာနေတဲ့ အမျိုးသားတစ်ဦးက မိုင်းနေမိလို့ ခြေထောက်ပြတ်ကာ သွေးထွက်လွန်ပြီး သေဆုံးခဲ့ဖူးပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်