တော်လှန်ရေးထောက်ပို့အတွက် Global Yaw Funding ဖွဲ့စည်းပြီး အဖွဲ့ဝင်ဖြစ်ဖို့လည်း ဖိတ်ခေါ်

သမိုင်းသစ်

၂၇ ၊စက်တင်ဘာ ၊ ၂၀၂၃

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ စစ်မှန်တဲ့တရားမျှတသောဖက်ဒရယ်ဒီမိုကရေစီစနစ် အမြန်ဆုံးထွန်းကားရေး ပေါ်ပေါက်လာရေးအတွက်ရည်ရွယ်ပြီး နိုင်ငံအသီးသီးတွင်ရောက်ရှိနေတဲ့ ယော ပြည်သူ ၊သားများစုစည်းကာ (Global Yaw Funding) အဖွဲ့ကို စက်တင်ဘာလ (၂၃)ရက်၊ ၂၀၂၃ ခုနှစ် တွင်အတည်ပြုဖွဲ့စည်းတယ်လို့သိရတယ်။

ပြည်ပနိုင်ငံအသီးသီးကိုရောက်နေတဲ့ ယောပြည်သူ၊သား များအနေဖြင့်ယခင် (Global Yaw Funding) အမည်ဖြင့် ကမ်ပိန်း (၃)ကြိမ်တိုင်တိုင်ပြုလုပ်ထားပြီးယောနယ်၌လိုအပ်တဲ့ တော်လှန်ရေးနှင့်အခြားအဖွဲ့အစည်းများကိုထိထိရောက်ရောက်ကူညီပံ့ပိုးနိုင်ခဲ့ပြီလို့ဖော်ပြထားပါတယ်။

Zalen ad

ထောက်ပို့အင်အားကောင်းလာဖို့လစဥ်ကြေးကိုလည်း နိုင်ငံအလိုက်စံနှုန်းသတ်မှတ်ထားပြီး ထောက်ပို့အင်အားကောင်းလာပြီးလျှင်အရေးပေါ်လိုအပ်ချက်များကိုလည်းပါဝင်ကူညီနိုင်မှာဖြစ်တယ်လို့ဆက်လက်ဖော်ပြထားပါတယ်။

Global Yaw Funding အနေဖြင့်ပြည်တွင်းပြည်ပ ယောအနွယ်ဝင်များအပြင်အခြားတိုင်းရင်းသား များကိုလည်းပါဝင်ကူညီနိုင်ရန် ဖိတ်ခေါ်ထားပါတယ်။

ဝင်ငွေများကိုယောနယ်ရှိဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်ကြသော PDF ( ခရိုင်တပ်ရင်းများ) ၊ YDF ၊ YPDF ၊ CDF-KKG ၊ HYPDF UAV FORCE နဲ့ အခြားဒေသခံတော်လှန်ရေးအဖွဲ့များကို ရာခိုင်နှုန်းအလိုက်စနစ်တကျခွဲဝေထောက်ပို့သွားမယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်