တော်လှန်ရေးထောက်ပို့အတွက် Global Yaw Funding ဖွဲ့စည်းပြီး အဖွဲ့ဝင်ဖြစ်ဖို့လည်း ဖိတ်ခေါ်

သမိုင်းသစ်

၂၇ ၊စက်တင်ဘာ ၊ ၂၀၂၃

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ စစ်မှန်တဲ့တရားမျှတသောဖက်ဒရယ်ဒီမိုကရေစီစနစ် အမြန်ဆုံးထွန်းကားရေး ပေါ်ပေါက်လာရေးအတွက်ရည်ရွယ်ပြီး နိုင်ငံအသီးသီးတွင်ရောက်ရှိနေတဲ့ ယော ပြည်သူ ၊သားများစုစည်းကာ (Global Yaw Funding) အဖွဲ့ကို စက်တင်ဘာလ (၂၃)ရက်၊ ၂၀၂၃ ခုနှစ် တွင်အတည်ပြုဖွဲ့စည်းတယ်လို့သိရတယ်။

ပြည်ပနိုင်ငံအသီးသီးကိုရောက်နေတဲ့ ယောပြည်သူ၊သား များအနေဖြင့်ယခင် (Global Yaw Funding) အမည်ဖြင့် ကမ်ပိန်း (၃)ကြိမ်တိုင်တိုင်ပြုလုပ်ထားပြီးယောနယ်၌လိုအပ်တဲ့ တော်လှန်ရေးနှင့်အခြားအဖွဲ့အစည်းများကိုထိထိရောက်ရောက်ကူညီပံ့ပိုးနိုင်ခဲ့ပြီလို့ဖော်ပြထားပါတယ်။

ထောက်ပို့အင်အားကောင်းလာဖို့လစဥ်ကြေးကိုလည်း နိုင်ငံအလိုက်စံနှုန်းသတ်မှတ်ထားပြီး ထောက်ပို့အင်အားကောင်းလာပြီးလျှင်အရေးပေါ်လိုအပ်ချက်များကိုလည်းပါဝင်ကူညီနိုင်မှာဖြစ်တယ်လို့ဆက်လက်ဖော်ပြထားပါတယ်။

Global Yaw Funding အနေဖြင့်ပြည်တွင်းပြည်ပ ယောအနွယ်ဝင်များအပြင်အခြားတိုင်းရင်းသား များကိုလည်းပါဝင်ကူညီနိုင်ရန် ဖိတ်ခေါ်ထားပါတယ်။

ဝင်ငွေများကိုယောနယ်ရှိဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်ကြသော PDF ( ခရိုင်တပ်ရင်းများ) ၊ YDF ၊ YPDF ၊ CDF-KKG ၊ HYPDF UAV FORCE နဲ့ အခြားဒေသခံတော်လှန်ရေးအဖွဲ့များကို ရာခိုင်နှုန်းအလိုက်စနစ်တကျခွဲဝေထောက်ပို့သွားမယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်