တွန်းဇံမြို့က စစ်ကောင်စီနဲ့ ZRA ထောက်ပံ့သူတွေလို့စွပ်စွဲထားတဲ့ နေအိမ် ၁၇ လုံးကို CDF တွန်းဇံ ချိတ်ပိတ်

၂၇၊ ဇူလိုင် ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တွန်းဇံမြို့မှာ စစ်ကောင်စီတပ်နဲ့ ZRA ကို ထောက်ပံ့သူလို့ စွပ်စွဲတဲ့ နေအိမ် ၁၇ လုံးကို ဇူလိုင် ၂၂ ရက်နေ့က ချိတ်ပိတ်ခဲ့တယ်လို့ CDF တွန်းဇံအဖွဲ့ခေါင်းဆောင် ပူးဇိုမုမုန်က ၄◌င်းလူမှုကွန်ယက်စာမျက်နှာတွင်ဖော်ြပထားပါတယ်။

 တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ မေလ ၂၃ နေ့မှာ သိမ်းပိုက်ခဲ့ပြီး လက်ရှိ CDF တွန်းဇံက မြို့ကို  ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

နေအိမ်ချိတ်ပိတ်ခံရသူများမှာ Kham Min Thang ရဲ့နေအိမ်၊ Pau Tawng ရဲ့ နေအိမ်၊ Ning Man Vung ( Kham Min Thang ၏ အစ်မ)ရွာဟောင်း- ဟိုင်ကျင်းရွာ, Thawn Pu, GinNeu, Kap Do Thang – ရွာဟောင်း – ကျီခါး, PuPu Thang , Kam Thawn Mang , Lut Tuen Vai – ရွာဟောင်း – Mualpi, Cing Khan Lun ၏ ယောက်ျား – ရွာဟောင်း- လိန်ထုတ်ကျေးရွာ, Dai Khan Mung – ရွာဟောင်း-တွီးတူမ်းရွာ, Langh Kho Pau (Police Pension), Zam Suan Pau နဲ့ သား Dal Biak Suang – Tonzang, Beh-Samte, MungLan Thang(Pupu Thang)-Tonzang , Mangpi -Tuitumရွာ  တို့ ဖြစ်ပါတယ်။ နောက်ထပ် နေအိမ်နှစ်လုံးကိုလည်း ချိပ်ပိတ်ဖို့ ဆက်လက် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

နေအိမ်ချိတ်ပိတ်ခံရသူတစ်ဉီးက “ZRA ကို support လို့တဲ့ကွယ်။ ZRA ကို ကြောက်ရပါတယ်ဆိုမှ အဲလို အစွပ်စွဲက ခံရ‌သေးတယ်။ အသားကုန်စွပ်စွဲပြီး သိမ်းတာ။ သူတို့လည်း မင်းအောင်လှိုင် ရဲ့ လမ်းစဉ်အတိုင်းလိုက်နေကြတာ လို့ပဲ ပြောချင်တယ်။ ချိတ်ပိတ်တဲ့နေအိမ်တွေကို ပိုက်ဆံ ရာဂဏန်းတောင်းတယ်တော့ကြားတယ်” လို့ပြောပါတယ်။

အဲဒီ‌နေအိမ်တွေကို မှင်နီတား ချိတ်ပိတ်ခဲ့တာ ဖြစ်ပြီး CDF တွန်းဇံအဖွဲ့နဲ့ ပူးပေါင်းကာ ဂတိသစ္စာဆိုရမှာ ဖြစ်သလို လျော်ကြေး‌ငွေ ပေးဆောင်မှ နေအိမ်ကို ပြန်ပေးမယ်လို့ CDF တွန်းဇံအဖွဲ့ရဲ့ ပြောခွင့်ရသူ ဇိုမုမုန်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

၎င်းက ” CDF-Tonzang နှင့် ပူးပေါင်းပါက လျော်ကြေးများတောင်းခံ၍ ဂတိသစ္စာဆိုစေပြီး အဲတာတွေပြီးတဲ့ကာကျမှ နေအိမ်များကို ပြန်လည်ပေးအပ်မည်ဖြစ်ပါသည်။ ဤကဲ့သို့လိုက်နာမှုမရှိပါက နေအိမ်များကို အပြီးအပိုင်သိမ်းမည်ဖြစ်ပါသည်။ ” လို့ ရေးသားထားပါတယ်။

 CDF တွန်းဇံအဖွဲ့ ဟာ  တွန်းဇံမြို့နယ်အတွင်းမှာ လူမျိုးနွယ်စုတွေကို ခွဲခြားဆက်ဆံတာ၊ ဖမ်းဆီးခြိမ်းခြောက်ခြင်း၊ ငွေနဲ့ အလဲအလှယ်လုပ်တာ၊ အိမ် တွေကို ချိတ်ပိတ်တာ၊ တော်လှန်ရေးသပိတ်ခေါင်းဆောင်‌တွေကို ပစ်မှတ်ထားပြီး ခြိမ်းခြောက်တာ‌တွေကို CDF – တွန်းဇံက ကျူးလွန်နေတယ်လို့ တီးတိန်မြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ People Defense Army – PDA က ဇူလိုင်လ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တီးတိန်မြို့ဒေသခံတစ်ဉီးက “တွန်းဇံမြို့မှာ CDF – Tonzang က လူတစ်ချို့ကို ZRA Supporter လို့ဆိုကာ ဖမ်းဆီးတယ်။ တစ်ယောက်ကို သိန်း ၃၀၀ လောက်နဲ့ပြန်ရွေးခိုင်းတယ်။ အဲ့ဒါအနည်းဆုံး ပမာဏ။ ပိုက်ဆံနဲ့ရွေးပြီးပြန်လွတ်လာတဲ့သူတွေလည်း နဂိုအခြေအနေမဟုတ်ကြတော့ဘူး။ ဆေးခန်းပြနေရတယ်။ သူတို့အကြောင်းပြောဖို့လည်း ကြောက်နေကြတယ်”လို့ပြောပါတယ်။

ဒီလိုCDF – တွန်းဇံရဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေကို ဖြေရှင်းနိုင်ဖို့ ချင်းလဲန်းကောင်စီထံ တိုင်ကြားသွားမယ်လို့ PDA က ပြောထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Tedim PDA အဖွဲ့ကို Zalen  သတင်းဌာနမှ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

Helen

နောက်ဆုံးရသတင်းများ

သုံးနှစ်ကျော်အတွင်း မြန်မာသတင်းသမား ၇ ဦး သတ်ခံရပြီး ၁၅၀ ထက်မနည်း ဖမ်းဆီးခံရ

၂၊ နိုဝင်ဘာ ၊ ၂၀၂၄ Zalen အာဏာသိမ်း သုံးနှစ်‌ကျော်အတွင်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် သတင်းသမား ခုနှစ်ဦး သေဆုံးခဲ့ပြီး ၁၅၀ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နို၀င်ဘာ ၂ ...

ဆက်ဖတ်ရန်