ထန်တလန်မြို့နယ်၊ ခွါဖိုးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီ ၂၄ ၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွါလ်ဟရိန်းဒေသ၊ ခွါဖိုးကျေးရွာကိုအကြမ်းဖက်စစ်တပ်က မနေ့ည ၁၀ နာရီ နဲ့ ၁၁ နာရီကြားမှာလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်များထံကနေ သိရပါတယ်။

ထန်တလန်မြို့နဲ့ ၅ မိုင်ခန့်အကွာမှာရှိတဲ့ ခွါဖိုးကျေးရွာရဲ့ စာသင်ကျောင်းအနီးပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးသုံးလုံးကြဲချခဲ့တာလို့သိရပြီး လူအထိအခိုက်တော့မရှိဘူးလို့ သိရပါတယ်။

“ရွာအစွန်မှာရှိတဲ့ စာသင်ကျောင်းကိုကြဲတာပါ။ စာသင်ကျောင်းအောက်ဘက်မှာ ဗုံးကျတာပါ။ အဲ့ဘက်မှာ ပြည်သူ တွေမရှိတော့ အထိအခိုက်တော့မရှိဘူး။ စာသင်ကျောင်းကို ဗုံးအစအနထိလို့ အနည်းငယ်ပျက်စီးမှုရှိတယ်” လို့ သတင်းအရင်းအမြစ်တဦးက ပြောပါတယ်။

Zalen ad

ခွါဖိုးကျေးရွာမှာ ဘယ်လိုတိုက်ပွဲမျိုးမှမရှိသလို တော်လှန်ရေးတပ်ဖွဲ့များလည်းတပ်စွဲထားခြင်းမရှိဘူးလို့သိရပြီး အကြမ်းဖက်စစ်တပ်က တမင်တကာဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာ ခွါဖိုးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ထိုခိုက်ဒဏ်ရာရခဲ့ကြပါ တယ်။

သတင်း – Mickey
ပုံအညွှန်း – ခွါဖိုးကျေးရွာ
ဓါတ်ပုံ – လူမှုကွန်ယက်

#ထန်တလန်#ဗုံးကြဲ#Zalen

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်