ထန်တလန်မြို့နယ်၊ မှောင်တလန်ရွာမှာ မီးလောင်မှုဖြစ်ပွားပြီး အိမ် ၄ လုံးပြာကျ

၁၇၊ မေလ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဇိုဖေဒေသ ရှိ မှောင်တလန်ရွာမှာ ဒီကနေ့ မေလ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃ လုံးနဲ့ ဌာနဆိုင်ရာရုံး တစ်လုံး အားလုံးပေါင်း ၄ လုံး ပြာကျသွားတယ်လို့သိရပါတယ်။

“ဒီနေ့ ၁၁ နာရီလောက်မှာဖြစ်သွားတာ။မှောင်တလန်ရွာ လမ်းစုံမှာ ရှိတဲ့ ဦးလျန်လွှန် အိမ်၊ ဦးဘွေကုန်း အိမ် နဲ့ ဆရာမ အာသဲ တို့အိမ် အပြင် အုပ်စုစာရေး ရုံး ဆိုပြီးတော့ ၄ လုံးလောင်သွားတာပါ။ လူအထိအခိုက် တော့မရှိဘူး။ မီးဘယ်လိုစလောင် တာလဲ တော့ မသိဘူး။ သူတို့ထဲမှာ ဦးဘွေကုန်းရဲ့အိမ်က ဆောက်လက်စ ပဲရှိသေးတယ်။ ၃ ထပ်ပျဉ်ထောင် အိမ်ပါ။ ဦးလျန်လွှန် တို့က ဆိုင်ဖွင့်ထားပြီးတော့ မှောင်တလန်မှာဆို သူတို့ဆိုင်က ပစ္စည်းတွေလည်း စုံတယ် အိမ်လည်းကြီးတယ်။” လို့ မှောင်တလန်ရွာ နားက လေတပ်ရွာက အမျိုးသားတစ်ဦးက Zalen ကိုပြောပါ တယ်။

Zalen ad

စစ်ကောင်စီ အာဏာသိမ်းပြီး နောက် မှောင်တလန်ရွာအပါအဝင် ထန်တလန်မြို့နယ် အများစုကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ဖြတ်တောက်ထားတာကြောင့် အိမ်မီးလောင်မှု အသေးစိတ်ကို Zalen အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေး ပါဘူး။

မှောင်တလန်ရွာဟာ ထန်တလန်မြို့ကနေ နှဟာရိန်မြို့-ရေဇွာ နဲ့ မတူပီမြို့ဘက်ကို သွားတဲ့ လမ်း ၂၅ မိုင်ခန့်အကွာမှာရှိပြီး အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ရွာဖြစ်ပါတယ်။အဲဒီရွာမှာ ရဲစခန်းများလည်းရှိခဲ့ပြီး နွေဦးတော်လှန်ရေး စတင်ပြီးနောက် စခန်းစွန့်ခွာသွားကြတယ်လို့သိရပါတယ်။

သတင်း – Micky

နောက်ဆုံးရသတင်းများ

နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ဒေသမှာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပ

ဇန်နဝါရီ ၁၄၊ ၂၀၂၆။ Zalen စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂတိုင်းရင်းသားရိုးရာ နှစ်သစ်ပွဲတော် ကို ယနေ့ဇန်နဝါရီလ ၁၄ ရက်နေ့ကစတင်ကျင်းပခဲ့တယ် ဒေသသတင်းများအရသိရပါတယ်။ ယ‌ေန့ဇန်နဝါရီလ ၁၄ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသလေရှီးမြို့ မှာ နှစ်စဉ်ကျင်းပနေတဲ့ နာဂတိုင်းရင်းသားရိုးရာ ...

ဆက်ဖတ်ရန်