ထရမ့်ရဲ့ HIV နဲ့ တီဘီဆေး အထောက်အပံ့ ရပ်ဆိုင်းမှုကြောင့် မြန်မာက HIV နဲ့ တီဘီရောဂါရှိသူတွေ ခက်ခဲလာနိုင်

၂၉၊ ဇန်နဝါရီ၊ ၂၀၂၅

Zalen

သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေကို HIV, တီဘီနဲ့ ငှက်ဖျားဆေး ထောက်ပံ့ပေးဝေမှုကို ရပ်ဆိုင်းထားဖို့ အမိန့်ပေးထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံတကာအကူအညီပေးရေးစီမံကိန်းတွေအတွက်ထောက်ပံ့မှုကို ရက် ၉၀ ဆိုင်းငံ့ထားတာပြီးတဲ့နောက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နဲ့ လူမှုကူညီရေး အရပ်ဖက်အဖွဲ့အစည်းတွေဟာ ဇန်နဝါရီ ၂၈ ရက်နေ့ကစပြီး ဆေးဝါးပေးဝေထောက်ပံ့မှု လုပ်ငန်းစဉ်တွေကို ရပ်တန့်ဖို့ အစိုးရရဲ့ ညွှန်ကြားစာကို ရရှိခဲ့တယ်လို့ ရိုက်တာသတင်းက ပြောပါတယ်။

မြန်မာမှာ HIV ပိုး ကူးစက်ခံထားရသူ ၂ သိန်း ၇ သောင်းကျော်ရှိပြီး ဒီထဲက နှစ်သိန်းနီးပါး ဟာ HIV ပိုးကူးစက်ခံထားရသူတွေ သောက်သုံးရတဲ့ အေအာတီ (ART) ဆေးဝါးကို ကျန်းမာရေးဝန်ကြီးဌာနအောက်က အေအာတီဆေးကုသဌာနတွေကနေ ရယူပြီး ကုသမှုခံယူနေကြတာ ဖြစ်ပါတယ်။

မြန်မာမှာ HIV(အိတ်ချ်အိုင်ဗီ)ရောဂါပိုးကူးစက်ခံရသူတွေအတွက် ဆေးဝါးအခမဲ့ဖြန့်ဖြူးနေတဲ့ အမျိုးသားခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်ကို ကူညီထောက်ပံ့နေတဲ့ အမေရိကန်ရဲ့နိုင်ငံတကာဖွံ့ဖြိုး‌ရေးရန်ပုံငွေလည်း ရပ်တန့်သွားပြီ ဖြစ်ပါတယ်။

HIV ဆေးသောက်နေရသူတွေနဲ့ တီဘီရောဂါခံစားနေရတဲ့ မြန်မာတွေဟာ ဆေးဝါးပြတ်လပ်မှာကို စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

“ လက်ကျန် ရှိသလောက်တော့ ကျွန်တော်တို့က ထုတ်ပေးနေဦးမှာပဲ။ ကုန်သွားရင်တော့ မသိဘူးပေါ့၊ ရက် ၉၀ အတွင်း ပြန်ပြီး လည်ပတ်နိုင်ဖို့ပဲ မျှော်လင့်ရတယ်။ ဒါမှမဟုတ်ရင် ရောဂါသည်တွေအတွက် အေအာတီဆေးက ပြတ်လပ်သွားမယ့် အနေအထားမှာ ရှိနိုင်တယ်။ ” လို့ HIV ပိုးကူးစက်ခံရသူတွေကို ဆေးဝါးဖြန့်ဝေနေတဲ့ ဆေးခန်းတစ်ခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

USAID ရဲ့ ရန်ပုံငွေရပ်တန့်မှုမှာ မွေးကင်းစ ကလေးငယ်တွေအတွက် ဆေးဝါးထောက်ပံ့မှုများလည်းအကျုံးဝင်တယ်လို့လည်း ဆိုထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ဒီနှစ်ကုန်ပိုင်းမဟုတ်ရင်နောက်နှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီစီစဉ်

မတ် ၈၊ ၂၀၂၅ Zalen အာဏာသိမ်း စစ်ကောင်စီဟာ ယခုနှစ် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့ မတ်လ ၇ ...

ဆက်ဖတ်ရန်