ဒီနှစ်ကုန်ပိုင်းမဟုတ်ရင်နောက်နှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီစီစဉ်

မတ် ၈၊ ၂၀၂၅

Zalen

အာဏာသိမ်း စစ်ကောင်စီဟာ ယခုနှစ် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။

မနေ့ မတ်လ ၇ ရက်က ဘီလာရုဇ်သမ္မတနဲ့တွေ့ဆုံစဉ် သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့တာဖြစ်တယ်။

Zalen ad

 “လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲကို ၂၀၂၅၊ ဒီဇင်ဘာ (သို့) ၂၀၂၆ ၊ ဇန်နဝါရီလ အစောဆုံး ကျွန်တော်တို့ ကျင်းပဖို့ စီးစဉ်ထားကြောင့် ကျွန်တော်တို့ ပြောလိုပါတယ်။” လို့ မင်းအောင်လှိုင်က အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာလည်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ မဖြစ်လာခဲ့ပါဘူး။

ဒါ့အပြင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပါတီပေါင်း (၅၃) ခုက စာရင်းပေးသွားထားပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘီလာရုစ်နိုင်ငံကိုပါ လာရောက်လေ့လာ ကြည့်ရှုဖို့ကိုပါ ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ ဘီလာရုဇ် သမ္မတနဲ့ တွေ့ဆုံပွဲအတွင်း ရင်းနှီးမြှုပ်နှံမှုကိစ္စတွေ၊ စိုက်ပျိုးရေး၊ လယ်ယာသုံး စက်ကိရိယာထုတ်လုပ်တာတွေ နို့ထွက်ပစ္စည်းတွေ ထုတ်လုပ်ဖို့၊ စက်မှုကုန်ကြမ်း သီးနှံ စိုက်ပျိုး ထုတ်လုပ်ရေးတွေမှာ ပူးပေါင်းဖို့၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ စီးပွားရေး တိုးမြှင့်ဖို့တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တရုတ်၊ ရုရှားနဲ့ ဘယ်လာရုဇ်တို့ကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံလျက်ရှိနေပါတယ်။ အာဆီယံအနေနဲ့ ရွေးကောက်ပွဲကို ဦးစားပေးမလုပ်သင့်ဘဲ စစ်ပွဲတွေကို အရင်ရပ်အောင်လုပ်ပြီး နိုင်ငံရဲ့ တည်ငြိမ်ရေးကို ဦးစားပေးလုပ်ဆောင်သင့်ကြောင်း ပြောဆိုထားပြီး အနောက်နိုင်ငံတွေကလည်း ရွေးကောက်ပွဲကို မထောက်ခံကြောင်း အတိအလင်း ပြောဆိုထားတာပါ။

သတင်း-EP

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ ဧပြီ ၁ မှာ စတင်မည့် ၂၀၂၆ အခွန်ဥပဒေသစ်၊ စီးကရက်၊ အရက်နဲ့ ဘီယာများအပေါ် အခွန်တိုး

မတ် ၁၆၊ ၂၀၂၆။ Zalen နိုင်ငံအတွင်း ကုန်သွယ်ရေးလုပ်ငန်းများကို စနစ်တကျ ထိန်းညှိနိုင်ရန်နှင့် အခွန်ကောက်ခံမှုစနစ်ကို တိုးတက်ကောင်းမွန်စေရန်အတွက် “၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ” ကို အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းစာမှထုတ်ပြန်ထားပါတယ်။ အဆိုပါဥပဒေကို ၂၀၂၆ ...

ဆက်ဖတ်ရန်