ဒီရက်ပိုင်း မတူပီ-မင်းတပ် လမ်းဖြင့် ခရီးထွက်ခြင်းများ မပြုကြရန် CDF-Matupi ကသတိပေး

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်သားများဟာ မတူပီမြို့နယ် မင်းတပ်-မတူပီလမ်းမအနီးတွင် ဇွန်လ ၆ ရက်ကစပြီး ထိုးစစ်ဆင်တာကြောင့် မင်းတပ်-မတူပီလမ်းကို မိဘပြည်သူများအသုံးမပြုကြဖို့ CDF-Mindat က ထုတ်ပြန်သတိပေးထားပါတယ်။

မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ အင်အား ၁၂၀ ခန့်ရှိစစ်ကြောင်းဟာ ဇွန်လ ၆ ရက်မနက်ပိုင်းတွင် မင်းတပ်-မတူပီလမ်းမကြီး အောက်ဘက်ရှိ ရမ်တိန်းကျေးရွာဟောင်း အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာရွာတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကြတယ်။

အဲ့ဒီနေ့ မနက် (၉) နာရီခန့်တွင် Chinland Defense Force-Matupi ဖက်မှ စစ်ကောင်စီတပ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဖက်မှ ကျေးရွာ အထက် (၂) မိုင်အကွာသို့ စစ်ကြောင်းဆုတ်ခွာစခန်းချခဲ့ကြ တယ်။

နောက်ဆုံးရသတင်းများ

နိုင်ငံတကာကနေ ငလျင်ဘေးအတွက် အကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထား

၁၅၊ ဧပြီ၊ ၂၀၂၅ Zalen နိုင်ငံတကာကကနေ ငလျင်အတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထားပြီဖြစ်တယ်လို့ စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် နိုင်ငံ ၂၄ နိုင်ငံက အထောက်အပံ့ ...

ဆက်ဖတ်ရန်