ဒုတိယကမ္ဘာစစ်ကာလက ချင်း၊ ကရင် စစ်သားများအကြောင်းရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းကို ကလေးမြို့မှာ ပြသမယ်

ဒုတိယကမ္ဘာစစ်ကာလ ချင်း၊ ကရင် စစ်သားများအကြောင်းရိုက်ကူးထားတဲ့ အမေ့လျော့ခံ မဟာမိတ်စစ်သားများ – ဗမာပြည်မှ သူရဲကောင်းများ ရှာဖွေခြင်း ဆိုတဲ့ ရုပ်သံမှတ်တမ်း (documentary) ကို ကလေးမြို့မှာ ဒီဇင်ဘာလ (၃၀)ရက်တွင် အခမဲ့ပြသသွားမှာဖြစ်ပါတယ်။

အချိန်ကတော့ ညနေ (၂)နာရီကနေ (၄)နာရီထိဖြစ်ပြီး ကလေးမြို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ GBH ဟိုတယ်မှာပြသသွားမှာဖြစ်ပါတယ်။

ဒီရုပ်သံမှတ်တမ်းဟာ Grammar Productions ကနေ မှတ်တမ်းတင်ထားတာဖြစ်ပြီး ဒီရုပ်သံမှတ်တမ်း ဖြစ်မြောက်နိုင်ရန်အတွက် ရံပုံငွေတွေရှာပြီး ချင်းပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မြန်မာပြည်မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။

ယူကေနိုင်ငံမှာလည်း ဇွန်လ (၁၂)ရက်က ရုံတင်ပြသထားပြီး ကမ္ဘာနာမည်ကြီး သမိုင်းရုပ်သံလှိုင်းဖြစ်တဲ့ History Hit Channel ကလည်း ပြသထားပြီးဖြစ်ပါတယ်။

Zalen ad

ပွဲစီစဉ်သူ ဆလိုင်းဗန်ကျူံးလျန် (ယူကေ)က “ခုထိ အသက်ရှင်တဲ့ မဟာမိတ်စစ်သားဟောင်းအားလုံးကို အထူးဖိတ်ချင်ပေမယ့် လိပ်စာအတိအကျမရတာကြောင့် လူ ၄၊ ၅ ယောက်လောက်ပဲဖိတ်နိုင်တယ်။ စိတ်ဝင်စားတဲ့သူ ဘယ်သူမဆို အခမဲ့လာကြည့်နိုင်ပါတယ်။ ရုပ်သံပြသမယ့်အခန်းက လူ (၅၀)လောက်ပဲဆံ့မယ်။ လူများများလာကြည့်စေချင်တာပေါ့။ ရုပ်သံမှတ်တမ်းမပြခင်မှာ ကျနော်က ရုပ်သံကိုမိတ်ဆက်ပေးမယ်။ ရုပ်သံပြပြီးရင်တော့ အမေး၊အဖြေ ကဏ္ဍလည်း မိနစ် (၃၀)လျာထားတယ်။ မြန်မာပြည်ကို ခဏပြန်လာရင်း ဒီရုပ်သံမှတ်တမ်းကို ပြချင်လို့ ရုပ်သံမှတ်တမ်းရိုက်ကူးသူတွေကိုတောင်းတယ်။ သူတို့ကလည်း ချင်းအကြောင်းတွေရိုက်ကူးထားတော့ ချင်းလူမျိုးတွေလည်းကြည့်စေချင်ကြတယ်။ ဟိုတယ်အခန်းခတွေလည်း Help For Forgotten Allies က ချခံပေးတယ်။ ကရင်ဘက်မှာတော့ ဒီရုပ်သံပြဖို့မရှိသေးဘူး။ အစီအစဉ်ဆွဲနိုင်တဲ့သူရှိရင်တော့ ကရင်ဘက်မှာလည်းပြထပ်ပြမယ်။ ဒီရုပ်သံမှတ်တမ်းကို ဘာကြောင့်လုပ်တာလဲဆိုရင် ဒုတိယကမ္ဘာစစ်ကာလမှာ ချင်း၊ ကရင်တွေကလည်း ဗြိတိသျှအစိုးရကို ကူညီခဲ့ကြတယ်ဆိုတာပြချင်တာ။ အင်္ဂလိပ်တွေက ဒီအကြောင်းကို မသိကြဘူး။ သူတို့ အင်္ဂလိပ်စစ်သားတွေအကြောင်းပဲသိတယ်လေ” လို့ပြောပါတယ်။

ဒုတိယကမ္ဘာစစ်ကာလမှာ မဟာမိတ်စစ်တပ်တွင် စစ်မှုထမ်းတဲ့ ချင်းစစ်သား အနည်းဆုံး ၂၀၀၀ မှ ၅၀၀၀ ကြားရှိမယ်လို့ယူဆရပါတယ်။

ခုထိအသက်ရှင်နေထိုင်တဲ့ မဟာမိတ်စစ်သားဟောင်း ချင်းလူမျိုး (၂၀) ခန့်ရှိပြီး Help For Forgotten Allies ပရဟိတအဖွဲ့က အသက်ရှင်လျက်ရှိတဲ့ မဟာမိတ်စစ်သားဟောင်း နဲ့ သေဆုံးပြီး မဟာမိတ်စစ်သားဟောင်းများရဲ့ ဇနီးသည် (၁၀၀) ကျော်ကို ဒီနှစ်မှာ တစ်နှစ်အတွက် ငါးသိန်း ထောက်ပံ့ကူညီခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ခေါင်းဆောင်က ၁၅ နှစ်တာ တပ်ချုပ်သက်တမ်းကို ပြန်သုံးသပ်ပြီး ဒု-တပ်ချုပ်ကို ကျေးဇူးတင်စကားဆို

မတ် ၁၄၊ ၂၀၂၆ Zalen အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ မတ်လ ၁၃ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တပ်ပိုင်းဆိုင်ရာ ထိပ်သီးတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ တပ်ချုပ်တာဝန်ယူခဲ့တဲ့ ၁၅ ...

ဆက်ဖတ်ရန်