ဒေါ်လာကို အပြင်ပေါက်စျေးအတိုင်း ရောင်းဝယ်နိုင်ပြီလို့ စစ်ကောင်စီထုတ်ပြန်

၇၊ နိုဝင်ဘာ၊ ၂၀၂၃

Zalen

စစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကနေစပြီး အမေရိကန်ဒေါ်လာဈေးနှုန်းကို ရည်ညွှန်းဈေးသတ်မှတ်ပြီး ထိန်းချုပ်ထားရာကနေ အခုချိန်မှာတော့ ပြင်ပ ပေါက်ဈေးအတိုင်း ရောင်းဝယ်ခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အရင်ကတော့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က တစ်ဒေါ်လာကို ရည်ညွှန်းဈေး ၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ခဲ့ပြီး ပြင်ပပေါက်ဈေးကတော့ အမေရိကန် တစ်ဒေါ်လာကို  ၃ဝဝဝ ဝန်းကျင်ကနေ ငါးထောင်ဝန်းကျင် အထိ စျေးမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြင်ပပေါက်စျေးနဲ့ ရောင်းဝယ်ခွင့်ပြုလိုက်တဲ့  ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာတော့ အမေရိကန် တစ်ဒေါ်လာကို ၃၄၀၀ ကနေ ၃၅၅၀ ကျပ်အထိ ၁၅၀ ကျပ် မြင့်တက်လာနေပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီလို မူဝါဒ ပြောင်းလဲမှုကြောင့် စက်သုံးဆီလိုမျိုး သွင်းကုန် ကဏ္ဍမှာ အကျိုးသက်ရောက်မှုရှိလိမ့်မယ်လို့ဆိုပါတယ်။

“ပို့ကုန်တင်ပို့နိုင်ဖို့ အတွက် နိုင်ငံအတွင်းမှာရှိတဲ့ ထုတ်ကုန်ပစ္စည်းများကို မြှင့်တင်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒီလိုဆောင် ရွက်ရတဲ့ အခြေအနေမှာတော့ ဘယ်နေရာတွေမှာ အကျိုးသက်ရောက်သလဲဆိုရင် Import ကိစ္စတွေမှာ အကျိုး သက်ရောက်မှု အနည်းငယ်ရှိပါလိမ့်မယ်။ အထင်ရှားဆုံးပြောရရင် စက်သုံးဆီကဏ္ဍမှာ အကျိုးသက်ရောက်မှုရှိပါလိမ့်မယ်။” လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

စစ်ကောင်စီဟာ ပို့ကုန်ကရတဲ့ နိုင်ငံခြားငွေ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းဈေးနဲ့ လဲလှယ်ရမယ်လို့ သတ်မှတ်ထားတာကိုလည်း ၃၅ ရာခိုင်နှုန်းအဖြစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြင်ဆင်ထားပါတယ်။

HeiSok Khai

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်