ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးစခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း ချင်းအမျိုးသား (၃) ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နှစ်ပတ်ကြာထိ ပြန်မလွတ်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မြေလတ်ကျေးရွားအနီး ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်သည့် စစ်ကောင်စီစခန်းတစ်ခုအား ပြီးခဲ့သည့် ဩဂုတ်လ (၂၀)ရက်နေ့တွင် တိုက်ခိုက်ခံရပြီးနောက် မြေလတ်(ချင်း) ကျေးရွာနဲ့ စပ်စီ(ချင်း)ကျေးရွာအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစစ်ဆေးပြုလုပ်ပြီး ချင်းအမျိုးသား (၃) ကို ဖမ်းဆီးခဲ့သည်ဟု သတင်းရရှိသည်။

စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီး ဩဂုတ်လ ၂၂ ရက်နေ့တွင် ငဖဲမြို့နယ်ရှိ ဆုန်ကုန်း တပ်ရင်း (၁၇၅) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေလတ်(ချင်း)ကျေးရွာအား အင်အားအလုံးရင်းဖြင့် ဝင်ရောက်စစ်ဆေးကာ ချင်းအမျိုးသား (၃) ဦးအား စစ်ဆေးမေးမြန်းရန်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး နှစ်ပတ်ကြာထိ ပြန်လွတ်ပေးခြင်း မရှိသေးကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၂၂ ရက်နေ့တွင် စပ်စီ(ချင်း)ကျေးရွာရှိ ပြည်သူများအားလုံးကို စစ်ကောင်စီက ကျောင်းဝန်းအတွင်းသို့ တန်းစီကာ ခေါ်ပြီး ကျေးရွာရှိမိန်းမပျိုလေးများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ စားသောက်ရန် ထမင်းဟင်းများချက်ခိုင်းသည်ဟု သိရှိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့က စပ်စီ(ချင်း)ကျေးရွာသား တစ်ဦးအားရိုက်နှက်ကာ အခင်းဖြစ်ပွားရာနေရာသို့ လမ်းပြအဖြစ်ခေါ်ဆောင်သွားပြီး စပ်စီ(ချင်း)ကျေးရွာကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်က မကြာကြာလာမည်ဖြစ်ပြီး နောင်တွင်တစ်ခုခုဖြစ်လျှင် တစ်ရွားလုံးမီရှို့ဖျက်စီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့တယ်လို့ သိရှိရသည်။

 ဩဂုတ်လ ၂၀ ရက်နေ့တွင် မြေလတ်ကျေးရွာနဲ့ စပ်စီကျေးရွာကြားရှိ စစ်ကောင်စီစခန်းအား ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှိုက ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီအရာရှိတစ်ဦးအပါဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ CDF – Asho တာဝန်ရှိသူ တစ်ဦးက Zalen media ကို ပြောပါသည်။

 #ပုံ-ငဖဲမြို့နယ်၊ စပ်စီ(ချင်း)ကျေးရွာ အဝင်လမ်း

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်