နိုင်ငံတကာတားမြစ်ထားတဲ့ ဆင့်ကဲပေါက်ကွဲဗုံးကို စစ်ကောင်စီက ချင်းပြည်နယ်အပါအဝင် ပြည်နယ် ၄ခုတွင်အသုံးပြုနေဟုဆို

နိုင်ငံတကာတားမြစ်ထားတဲ့ ဆင့်ကဲပေါက်ကွဲနိုင်တဲ့ စလပ်စတာဗုံးကို မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ချင်း၊ ကရင်နီ၊ ကရင်၊ ရှမ်းပြည်နယ်တို့မှာ အသုံးပြုနေတယ်လို့ Cluster Munition Coalition (CMC) က ဩဂုတ်လ ၃၁ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၂၂ ဇူလိုင်တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ လေကြောင်းမှ ဆင့်ကဲပေါက်ကွဲနိုင်တဲ့ ကလပ်စတာဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၃ ဦးကို ထိခိုက်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလကလည်း မင်းတပ်မြို့နယ်မှာပဲ ဆင့်ကဲပေါက်ကွဲနိုင်တဲ့ ကလပ်စတာဗုံးအသုံးပြုတိုက်ခိုက်မှု ထပ်မံဖြစ်ပွားရာ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုရှိခဲ့ပါတယ်။

အစိမ်းရောင်သုတ်ထားတဲ့ ဗုံးအပိုင်းအစတွေ ကိုယ်ထည် များတွင် အင်္ဂလိပ်စာနဲ့ ထိုင်းဘာသာစာတန်းများပါရှိ၍ ဗုံးကိုယ်ထည်ကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ကြောင်းညွန်ပြနေတယ်လို့ CMC က ဆိုပါတယ်။

မြန်မာနိုင်ငံတွင် လွန်ခဲ့တဲ့ ၁၀ နှစ်က ဆင့်ကဲပေါက်ကွဲနိုင်တဲ့ ကလပ်စတာဗုံးကြားခံပစ္စည်း မှတ်တမ်းများကို တွေ့ရပေမယ့် အခုလို ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်းကို မတွေ့ရှိခဲ့ဘူးလို့သိရတယ်။

ပြည်တွင်းထုတ် ဆင့်ကဲပေါက်ကွဲနိုင်တဲ့ ကလပ်စတာဗုံးကို ၂၀၂၁ ခုနှစ် မှစတင်၍ ၂၀၂၃ ဇွန်လဆန်းအထိ နိုင်ငံနေရာအနှံ့အပြားတွင် အသုံးပြုနေကြာင်း အထင်အရှား တွေ့ရှိလာတယ်လို့ အစီရင်ခံစာမှာဖော်ပြထားတယ်။

ဆင့်ကဲပေါက်ကွဲနိုင်တဲ့ ကလပ်စတာဗုံးဟာ အသုံးပြုချိန်တွင် တချို့အစိတ်အပိုင်းများမှာ မပေါက်ကွဲသေးဘဲ ကျန်ရှိပြီး မြေမြုပ်ဗုံးလို နောင်တချိန်ချိန်မှာ ထပ်မံပေါက်ကွဲနိုင်တာကြောင့် အရပ်သားပြည်သူများ ထိခိုက်စေနိင်တယ်။

 မြန်မာနိုင်ငံသည် ဆင့်ကဲပေါက်ကွဲနိုင်တဲ့ ကလပ်စတာဗုံးအသုံးပြုမှု တားမြစ်ချက် ၂၀၀၈ ခုနှစ် သဘောတူညီကို လက်မှတ်ရေးထိုးထားခြင်းမရှိပါ။  

နောက်ဆုံးရသတင်းများ

ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ အကျိုးဆက် ဘာတွေ ဖြစ်နိုင်လဲ

ဝသာန် ၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့က မြန်မာနိုင်ငံမှာ (၇.၇)စကေးရှိတဲ့ အပြင်းထန်ဆုံး ငလျင်ဘေး‌ဒါဏ်ကို ခံစားခဲ့ရတယ်။အဆိုပါ ငလျင်ဘေးဒါဏ်ကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ (၁၀)ရက်ရှိသွားပေမယ့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတုန်းပါပဲ။ မြန်မာနိုင်ငံကို နိုင်ငံတကာက အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ(၁၃၆.၈၈)သန်း ရရှိထားတယ် ...

ဆက်ဖတ်ရန်