နိုင်ငံရေးခိုလှုံခွင့်တောင်းခံသော မြန်မာနိုင်ငံသားများကို မလေးရှားက မြန်မာနိုင်ငံကို ပြန်ပို့

မလေးရှားနိုင်ငံကနေ ဒီလအတွင်း ရေတပ်အရာရှိ ၆ ဦးအပါအဝင် မြန်မာနိုင်ငံသားပေါင်း ၁၅၀ ခန့်ကို
မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပြီဖြစ်ပါတယ်။

၎င်းတို့ထဲမှာ မြန်မာနိုင်ငံသိုပြန်လည်ပို့ဆောင်ရင် ဖမ်းဆီးခံရနိုင်တဲ့ ရေတပ်အရာရှိများကိုလည်း
မလေးရှားအစိုးရက ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

မလေးရှားအစိုးရဟာ စစ်တပ်၏ အကြမ်းဖက်မှုများကို ရှုပ်ချထားသော်လည်း ခုလို နိုင်ငံရေးခိုလှုံခွင့်တောင်းထားသူများကို ပြန်လည် ပို့ဆောင်ခြင်းလည်းဖြစ်ပါတယ်။ မလေးရှားအစိုးရဟာ မြန်မာရေတပ်က အရာရှိ ၆ ဦးကို ပြီးခဲ့တဲ့လတွင် ဖမ်းဆီးခဲ့ပြီး အောက်တိုဘာလ ၆ ရက်နေ့တွင် လေယာဉ်ဖြင့် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

ထိုထဲတွင် ၂ ဦးကတော့ လုံလောက်သော အထောက်အထားများ မပြသနိုင်သောကြောင့် မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုပါတယ်။

Zalen ad

နောက်ထပ် ၃ ဦး နှင့် ဌေးဌေးရီလို့အမည်ရတဲ့သူတစ်ယောက်အပါအဝင် ၄ ဦးတို့ဟာ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ၏ စောင့်ရှောက်မှုရရှိရန် တောင်းဆိုခဲ့ကြပြီး ဒုက္ခသည်ဖြစ်ကြောင်း UN ကဒ်ရရှိရန်လည်း လျှောက်ခဲ့ကြကြောင်း ဆိုပါတယ်။

မလေးရှားနိုင်ငံရှိ မြန်မာသံရုံးကတော့ သူတို့၏ Facebook စာမျက်နှာတွင် မြန်မာနိုင်ငံသား အယောက် ၁၅၀ ဟာ ပြီးခဲ့တဲ့လတွင် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း ရေးသားခဲ့သော်လည်း ထိုထဲတွင် ရေတပ်က အရာရှိများ ပါဝင်ကြောင်း ရေးသားဖော်ပြခြင်း မရှိခဲ့ပါဘူး။

UNHCR ကတော့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသောသူများထံမှ ခိုလှုံခွင့်တောင်းစာ လက်ခံခြင်းရှိ၊ မရှိနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိသော်လည်း ခုလို ပြည်နှင်ဒဏ်ပေးခံရသူများကြောင့် အထူးစိုးရိမ်ကြောင်းသာ ပြောခဲ့ပါတယ်။

Ref: Reuters

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ပဒေသာဗုံးတွေသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ WJ ထုတ်ပြန်

မေ ၂၁၊ ၂၀၂၆Zalen ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုစိပ်လာပြီး ကျေးရွာတွေကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရှိနေတယ်လို့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း (WJ) က မေလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ...

ဆက်ဖတ်ရန်