ပလက်ဝနဲ့ အမ်းမြို့နယ် အဝင်၊အထွက်တွေကို စစ်ကောင်စီက ပိတ်ထားတဲ့အတွက် နယ်ကျေးရွာတွေမှာ ဆန်ပြတ်လတ်နေ

၂၁၊ နိုဝင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ထားတဲ့အတွက် နယ်ကျေးရွာတွေမှာ ဆန်ပြတ်လတ်နေတယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်အတွင်း ရေလမ်း၊ ကုန်းလမ်းတွေကို စစ်ကောင်စီက တစ်ပတ်ကျော်ကြာထိ ပိတ်ထားပြီး ယနေ့ထိ ဖွင့်ပေးခြင်းမရှိဘဲ နယ်ကျေးရွာတွေမှာ ဆန်ပြတ်လတ်မူတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက Zalen ကို ပြောပါတယ်။

“ကျွန်တော်တို့ ရွာမှာ အိမ်တိုင်းနီးပါး ဆန်၊ ဆား၊ ကြက်သွန်နီတွေ ကုန်နေပြီး။ ပလက်ဝသွားပြီး စျေးဝယ်မယ်ဆိုလည်း လမ်းက ပိတ်ထားတုန်းပါ။ ဘယ်ချိန်လောက် စဖွင့်ပေးမလဲ မသိရသေးဘူး။ ရွာမှာက ဆန်တွေ ပြတ်နေပြီး” လို့ ရီးမဝကျေးရွာ ဒေသခံ တစ်ဦးက ဆိုပါတယ်။

လက်ရှိ ပလက်ဝ-ကျောက်တော် ရေကြောင်းလမ်း ပြေးဆွဲလျက်ရှိတဲ့ ရေယာဥ်၊ သင်္ဘော၊ စက်လှေနဲ့ ဟွန်ဒါစက်လှေငယ်တို့ကို စစ်ကောင်စီက ပိတ်ထားတဲ့အတွက် မြို့ပေါ်မှာလည်း ဆန်ရောင်းချတဲ့ စျေးဆိုင်တွေ မရှိတော့ဘူးဟု ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အဝင်၊အထွက်ကိုလည်း စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲကြောင်း ပိတ်ထားတယ်လို့ သိရှိရပါတယ်။

အမ်းမြို့နယ်မှာ စစ်ကောင်စီက ညဘက်တွေမှာ လက်နက်ကြီးတွေ တစ်ခါတလေ ပစ်ခတ်မူတွေကလွဲပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြို့အဝင်၊ထွက်ကို တစ်ပတ်ကျော်ကြာထိ ပိတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

” တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘဲ အမ်းမြို့ အဝင်၊ ထွက်ပိတ်တာ တစ်ပတ်ကျော်ပြီး။ ကား၊ ဆိုင်ကယ်လည်း ဝင်လို့မရဘူး။ နယ်ရွာတွေက လူတွေ ဆန်တွေ ပြတ်နေရင်တောင် အနီးနားက ရွာတွေမှာ စျေးအဆမတန်ပေးပြီး ဝယ်နေရတယ်။ ကျန်းမာရေးမကောင်းလည်း ရွာက ဆေးဆရာတွေ ပေးတဲ့ ဆေးနဲ့ဘဲ သောက်နေရတယ်”လို့ဒေသခံ ချင်းအမျိုးသား တစ်ဦးက Zalen ကို ပြောပါတယ်။

အမ်းမြို့နယ်ဟာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ မြို့နယ်ဖြစ်ပြီး တပ်ရင်း၊ စစ်လေ့ကျင့်ရေးကျောင်းတွင်ရှိရာ မြို့လည်းဖြစ်ပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်