ပလက်ဝမြို့ကနေ အဆက်မပျက်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများ စိုးရိမ်ကြောက်လန့်နေကြ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဖြစ်ပွားနေသော AA နဲ့ စစ်တပ်အကြားက တိုက်ပွဲတွင် ပလက်ဝမြို့ အခြေစိုက် ခလရ ၂၈၉ ကနေ လက်နက်ကြီးဖြင့် ပစ်နေပြီး ဒီကနေ့ သြဂုတ် ၁၀ ရက် မနက် ၁၀ နာရီခွဲကစကာ လက်နက်ကြီး ပစ်သံ အကြိမ် ၂၀ ထက်မနည်း ကြားရပြီ ဖြစ်ကြောင်း မြိုခံတစ်ဦးက ပြောပါတယ်။

ဒီ‌ကနေ့ လက်နက်ကြီး ပစ်ခတ်မှုဟာ ခါတိုင်းထက် ပိုများသောကြောင့် မြို့ခံများအကြား စိုးရိမ်မှုမြင့်တက်လာပြီး တစ်ချို့မိဘများက ကျောင်းတက်နေသော သူတို့၏ ကလေးများကို ပြန်လာခေါ်သွားကြောင်း ကျောင်းလည်း ဆင်းနေကြပြီဟု ဒေသခံတစ်ဦးက ပြောပါတယ်။

ထို့အပြင် အများစုကလည်း ဈေးဆိုင်များကိုလည်း ပိတ်နေကြကြောင်းလည်း သိရပါတယ်။ မြို့ပေါ်နေပြည်သူများကလည်း ကြောက်လန့်နေကြကာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြကြောင်း သိရပါတယ်။

AA နဲ့ စစ်တပ်အကြား ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ပလက်ဝ-ကျောက်တော် ရေကြောင်းလမ်းကို စစ်တပ်က ဩဂုတ်လ ၁ ရက်နေ့ကစပြီး ပိတ်ထားသောကြောင့် ပလက်ဝ မြို့ပေါ်တွင် အခြေခံစားသောက်ကုန်များ အားလုံးပြတ်လပ်နေကြောင်းလည်း ဒေသခံများက ပြောပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်