ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ် ရိက္ခာရပ်ကွက် သံတံတား အနီးတွင်တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတစ်ဦးဟာ မနေ့ အောက်တိုဘာ ၆ ရက်နေ့လည် ၁၂ နာရီလောက်က မိမိကိုယ်ကို သေနတ်နဲ့ သတ်သေသွားတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။
ပလက်ဝမြို့ခံတစ်ဦးက “မှုခင်းဖြစ်တဲ့နေရာက ဆမီးမြို့ကနေအဝင် မြို့အစွန်ဘက်ဆိုတော့ အကြောင်းအရာတိတိကျကျမသိရဘူး။ သူ့ဘာသာ သေနတ်နဲ့သတ်သေသွားတယ်လို့သိရတယ်” လို့ပြောပါတယ်။
ပလက်ဝမြို့ထဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားအချင်းချင်းပစ်ကြလို့သေသွားတယ်ဆိုပြီး သတင်းလည်းထွက်ပေါ်နေပါတယ်။
သေနတ်သံကြားရပြီးနောက်ပိုင်း ညနေ ၄ နာရီကနေ ၇ နာရီအထိ ဖုန်းလိုင်းအားလုံးပျက်သွားတယ်လို့လည်းသိရတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြို့ထဲတွင် ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ရာ ဒေသခံ ၅ ဦးကို သံသယနဲ့ဖမ်းဆီးပြီး အားလုံးကို စစ်တွေထောင်သို့ပို့ပြီး ၁ ယောက်သာပြန်လွတ်လာပါတယ်။
ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်က ရိက္ခာသယ်ယူမှုများကို ပိတ်ဆို့ ကန့်သတ်ထားသလို စက်တင်ဘာ ၂၃ ရက်ကစပြီး အင်တာနက်လိုင်းများကိုပါ ဖြတ်တောက်ထားပါတယ်။
Zawgyi
ပလက္ဝၿမိဳ႕တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တစ္ဦး မိမိကိုယ္ကို သတ္ေသ
ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕ေပၚ ရိကၡာရပ္ကြက္ သံတံတား အနီးတြင္တပ္စြဲထားတဲ့ အၾကမ္းဖက္ စစ္ေကာင္စီတပ္သားတစ္ဦးဟာ မေန႔ ေအာက္တုိဘာ ၆ ရက္ေန႔လည္ ၁၂ နာရီေလာက္က မိမိကုိယ္ကို ေသနတ္နဲ႔ သတ္ေသသြားတယ္လုိ႔ ေဒသခံေတြထံမွသတင္းရရွိပါတယ္။
ပလက္ဝၿမိဳ႕ခံတစ္ဦးက “မႈခင္းျဖစ္တဲ့ေနရာက ဆမီးၿမိဳ႕ကေနအဝင္ ၿမိဳ႕အစြန္ဘက္ဆိုေတာ့ အေၾကာင္းအရာတိတိက်က်မသိရဘူး။ သူ႔ဘာသာ ေသနတ္နဲ႔သတ္ေသသြားတယ္လုိ႔သိရတယ္” လို႔ေျပာပါတယ္။
ပလက္ဝၿမိဳ႕ထဲမွာ အၾကမ္းဖက္ စစ္ေကာင္စီတပ္သားအခ်င္းခ်င္းပစ္ၾကလုိ႔ေသသြားတယ္ဆိုၿပီး သတင္းလည္းထြက္ေပၚေနပါတယ္။
ေသနတ္သံၾကားရၿပီးေနာက္ပိုင္း ညေန ၄ နာရီကေန ၇ နာရီအထိ ဖုန္းလိုင္းအားလံုးပ်က္သြားတယ္လုိ႔လည္းသိရတယ္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ၿမိဳ႕ထဲတြင္ ဗံုးတစ္လံုးေပါက္ကြဲမႈျဖစ္ရာ ေဒသခံ ၅ ဦးကို သံသယနဲ႔ဖမ္းဆီးၿပီး အားလံုးကို စစ္ေတြေထာင္သို႔ပို႔ၿပီး ၁ ေယာက္သာျပန္လြတ္လာပါတယ္။
ပလက္ဝၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္က ရိကၡာသယ္ယူမႈမ်ားကို ပိတ္ဆို႔ ကန႔္သတ္ထားသလို စက္တင္ဘာ ၂၃ ရက္ကစၿပီး အင္တာနက္လိုင္းမ်ားကိုပါ ျဖတ္ေတာက္ထားပါတယ္။