ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ တရွန်အိုင်ဗျူဟာကုန်းကို AA နဲ့ MDF ပူးပေါင်းတပ်ကသိမ်းပိုက်

၅၊ ဒီဇင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ စစ်ရေးအချက်ချာကျတဲ့ တရွန်အိုင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA) နဲ့ နဲ့ Maraland Defence Force (MDF) ပူးပေါင်းတပ်တို့က ဒီဇင်ဘာ ၄ ရက်နေ့၊ နေ့လည် ၁ နာရီ ချိန်တွင် သိမ်းပိုက်ရရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ဗျူဟာကုန်းကို AA နဲ့ MDF ပူးပေါင်းတပ်တို့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၂၁ ရက်မြောက်နေ့ ဒီဇင်ဘာ ၄ နေ့မှာ သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါတဲ့ ဗုံးများဖြင့် နေ့၊ ညဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတဲ့ကြားမှ စခန်းအား ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တာလို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ်ကျန်ရှိနေသော “နှုံးဘူးဗျူဟာကုန်း” ကိုလည်း ရက္ခိုင့်တပ်​တော်(AA)နဲ့ MDF တို့အနေဖြင့် အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိနေတယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံ- AA Info Dask

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်