ပလက်ဝမြို့နယ်တွင် စစ်ကောင်စီ ကျေးအုပ်ချုပ်ရေးမှူး (၁) ဦး ဖမ်းဆီးခံရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအား အမည်မသိ လက်နက်ကိုင်အဖွဲ့စည်းက ဇူလိုင်လ (၂၅) ရက်နေ့ ညက ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရရှိသည်။

အဖမ်းဆီးခံရသည့် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်သည် ရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သည်။

“ကျွန်တော်တို့ အုပ်ချုပ်ရေးမူးက ရဲတပ်ဖွဲ့ထဲ တာဝန်ထမ်းဆောင်ရင်း ဆေးအမူနဲ့ ထောင်နှစ်ရှည် ကျပြီးမှ လွတ်လာတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းပါ။ ပြီးခဲ့တဲ့ ရှင်းလင်းဝအုပ်ချုပ်ရေးမူက လူကြီးရောဂါနဲ့ ရုတ်တရက် ဆုံးသွားတော့ သူ့နေရာဝင်ပြီး အုပ်ချုပ်ရေးမှူးလုပ်တာ မကြာသေးဘူး”ဟု ဒေသခံဆီက သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များအပြား နေရာအနှံ လုံခြုံရေးတင်းကြပ်နေသည့်ကြား အုပ်ချုပ်ရေးမှူးသည် ၎င်း၏နေအိမ်တွင် အမည်မသိလက်နက်တပ်ဖွဲ့ဝင် ဖမ်းဆီးခံခဲ့ရသည်ဟု သိရှိရသည်။

Zalen ad

“အုပ်ချုပ်ရေးမှူး အဖမ်းခံရပြီး ကျွန်တော်တို့ ရွာကို အသွားလာ ပိတ်ထားလိုက်ပြီ၊ တောင်ယာလည်း သွားလို့မရတော့ဘူး။ စစ်သားတွေက အုပ်ချုပ်ရေးမှူးကို တောနင်းရှာဖွေနေပါတယ်”ဟု ဒေသခံတွေက ပြောပါသည်။

ရှင်းလက်ဝရွာသည် ပြီးခဲ့သည့် ဇူလိုင်လ ပထမအပတ်တုန်းက ချင်းအမျိုးသားတပ်ဦး (CNA)နဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် နေရာလည်းဖြစ်သည်။

နောက်ဆုံးရသတင်းများ

တန်းတူညီမျှသော ပြည်ထောင်စုသစ် ပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု CDF-Asho ထုတ်ပြန်

ဇန်နဝါရီ  ၂၂ ၊ ၂၀၂၆။ Zalen တန်းတူညီမျှမှုရှိသော ပြည်ထောင်စုသစ်တရပ် ပေါ်ထွန်းလာသည်အထိ အရှိန်အဟုန်မပျက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) က ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ...

ဆက်ဖတ်ရန်