ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန် ပလက်ဝခရိုင်ကောင်စီ ထုတ်ပြန်

၁၄ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၃ ခုနှစ်

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင်အပြင် အခြားဝန်ထမ်းတွေအနေဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန် ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင် ကောင်စီက ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင် ကောင်စီ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) နဲ့ ဆက်သွယ်၍ ဖြစ်စေ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ဆက်သွယ်၍ဖြစ်စေ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် အသိပေးထားပါတယ်။

ပြည်သူ့ရင်ခွင်ထံခိုလှုံလာတဲ့ စစ်သား၊ ရဲတပ်ဖွဲ့ဝင်တွေကို အသက်အန္တရာယ်လုံခြုံရေးကို အာမခံတဲ့အပြင်၊  လူ့ဂုဏ်သိက္ခာနဲ့အညီ မည်သည့် ညှည်းပန်း နှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှုမရှိဘဲ ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

ပလက်ဝခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက် စစ်ကောင်စီကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ အားပေးထောက်ခံခြင်း၊ ဒေါက်တိုင်ပြုလုပ်ခြင်း စတဲ့လုပ်ရပ်တွေကို မပြုလုပ်ကြရန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

တမူးမြို့အထက်ပိုင်း တုံးကျော်ကျေးရွာဒေသခံများ စစ်ဘေးရှောင် ၁၃၀၀ ကျော်လာ

========== ၁၀၊ ဒီဇင်ဘာ၊ ၂၀၂၃။ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့အထက်ပိုင်း တမူး-အောင်ဇေယျလမ်း ကူကီးချင်းလူမျိုးနေထိုင်တဲ့ တုံးကျော်ကျေးရွာဒေသခံများ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာထွက်‌ ပြေးတိမ်းရှောင်နေသူဟာ ဒီဇင်ဘာလ ၉ ရက်နေတွင် ၁၃၀၀‌ ကျော်ရှိနေပြီလို့ဒေသခံရပ်မိရပ်ဖတစ်ဦးပြောပြပါတယ်။ ယခုလို စစ်ဘေးရှောင်များပြားလာခြင်းဟာ ...

ဆက်ဖတ်ရန်