ပလက်ဝမြို့နယ်အထပ်ပိုင်းမှာ တိုက်ပွဲအပြင်းထန်ဖြစ်ပွား

၁၄ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၃ ခုနှစ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တရွန်အိုင်ကျေးရွာမှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၄ ရက် နံနက် ၂ နရီခန့် တရွန်အိုင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား ရက္ခိုင့်တပ်တော်(AA)က ပိတ်ဆို့ပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်အပြိုင်အလှန် ပစ်ခတ်မူဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဂျက်လေယာဥ်တို့ဖြစ် ပစ်ခတ်မူကြောင့် ၎င်းကျေးရွာအနီးနားရှိ ဇဥ်ဘောင်ပြင်၊ တရွန်အိုင်ကျေးရွာမှ ဒေဒခံပြည်သူ တစ်ရာကျော်ဟာ ဖရုံချောင်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ တစ်ဦးက Zalen ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက နံနက် ၂ နာရီလောက်က စဖြစ်တာပါ။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်တာတွေကြောင့် ဇဥ်ဘောင်ပြင် ရွာသားတစ်ဦး လက်နက်ကျည်စ ထိမှန်ခဲ့တယ်။ အခု ဖရုံချောင်းရွာမှာ စုနေကြပါတယ်”ဟု ဆိုပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ် တိုက်ပွဲမှာ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်းတို့လည်း စစ်ရေးအသင့်အနေထား ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တို့ ပြေးဆွဲတဲ့ ရေလမ်းကြောင်းကိုလည်း ယနေ့ မနက်ပိုင်းအချိန်းကစပြီး ပိတ်ထားလိုက်ပြီဟု ဆိုသည်။

အလားတူ ပလက်ဝမြို့နယ်အတွင်း ပြေးဆွဲတဲ့ ပလက်ဝ-ဆမီး၊ ပလက်ဝ-ရှင်းလက်ဝ၊ ပလက်ဝ-ကျီးလေ စတဲ့ ရေလမ်းတွေပါ စစ်ကောင်စီက ပြေးဆွဲခွင့် ပိတ်ထားပါတယ်။

လက်ရှိ ပလက်ဝမြို့မစျေးတွင် ကုန်စျေးနှုန်း ပုံမှန်အနေထားရှိသော်လည်း ဆန်ရောင်းချသူမှာ လုံးဝမရှိတော့ဘဲ ဆန်ပြတ်လက်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်