ပလက်ဝမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီက ဓာတုဓာတ်ငွေ့ဗုံး အသုံးပြုပြီ တိုက်ခိုခဲ့ဟု AA ထုတ်ပြန်

၄၊ ဒီဇင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တိုက်ပွဲတွင်း စစ်ကောင်စီက Chemical warfare agents ဓာတုဓာတ်ငွေပါတဲ့ ဗုံးတွေကို အသုံးပြုပြီး ​ဂျက်လေယာဥ်ဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာ ၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ အခိုင်အမာ တပ်စွဲထားတဲ့ “တရွန်အိုင်ဗျူဟာ”နဲ့ “နှုံးဘူးဗျူဟာ” စခန်းကုန်းကို ရက္ခိုင့်တပ်တော်(AA)နဲ့ Maraland Defence Force(MDF)တို့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်နေ့မှာတော့ စစ်ကောင်စီက ဓာတုဓာတ်ငွေပါတဲ့ ဗုံးတွေနဲ့ တန်ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဗျူဟာကုန်းကြီးနှစ်ခုအား ထိုးစစ်ဆင်တိုက်ခိုက်မူဟာ ရက်ပေါင်း ၂၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ထိုးစစ်အရှိန်ဟာလည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိကာ စစ်ကောင်စီရဲ့ အပြင်းအထန် ခုခံစစ်မှာလည်း အမြင့်ဆုံးအချိန်သို့ ရောက်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၃ရက်နေ့၊ တစ်ရက်တည်းမှာဘဲ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်၊ Mi35 ၊ Y 8 ၊ Y 12 တို့ဖြင့် လေကြောင်းပစ်ကူ အကြိမ်အရေအတွက် ၃၀ ကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ ထိုးစစ်မှာ အမြင့်ဆုံးအဆင့်ဖြစ်သလို့ စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ အများဆုံးနေ့ဖြစ်ပြီး ရက္ခိုင့်တပ်တော်အနေဖြင့် အဲ့ဒီ ဗျူဟာကုန်း (၂) ခုစလုံးအား အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ကို ဆက်လက်အရှိန်မြှင့်တင်သွားမယ့်လို့ ဆိုပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်