ပလက်ဝမြို့နယ် မီးဇာကျေးရွာနဲ့ ဒုက္ခသည်စခန်းကပြည်သူတွေကို တပ်မတော်က ပေါ်တာထမ်းခိုင်း

၂၀၁၉၊ အောက်တိုဘာ (၂၃)
ပလက်ဝမြို့နယ် မီးဇာကျေးရွာနဲ့ ယင်းရွာမှာရှိတဲ့ ဒုက္ခသည်စခန်းက ပြည်သူတွေကို တပ်မတော်က ပေါ်တာထမ်းခိုင်းတာကြောင့် ဒီမနက် မီးဇာကနေ လူအချို့ဆန်ထမ်းပေးနေပြီလို့သတင်းရရှိပါတယ်။

မီးဇာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟွေလော့က “စစ်တပ်က ဒုက္ခသည်စခန်းကိုလည်း အကူအညီတောင်းတယ်၊ စေခိုင်းတယ်။ မီးဇာရွာကိုလည်း အကူအညီတောင်းတယ်၊ စေခိုင်းတယ်။ ဒီမနက်သွားရမှာ အခုလူတွေစည်းရုံးနေတုန်း တချို့တစ်လေတော့စသွားနေပြီ၊ တချို့ကမသွားချင်ကြဘူး။ ဘယ်လိုလုပ်ရမလဲမသိဘူး။ မနက်ဖြန် တပ်မမှူးဆီမှာသွားမယ်။ သွားရမှာက ဥသလင်းချောင်းဘက်မှာ” လို့ပြောပါတယ်။

မီးဇာကျေးရွာကနေ ဥသလင်းချောင်းဘက်ဟာ ခြေလျင်နဲ့တစ်နေ့သွား ခရီးဖြစ်ပါတယ်။ ဆိုင်ကယ်လမ်းလည်းမရှိပဲ ခြေလျင်လမ်းသာရှိပါတယ်။ တပ်မတော်ဘက်ကတော့ ဆန်တစ်အိတ် ၄ ထောင် ပေးမယ်လို့သိရပါတယ်။

မီးဇာကျေးရွာ ဆယ်အိမ်မှူးဦးမောင်လွမ်းက “ဒီခရီးက နေ့ချင်းပြန်ဆိုရင် မိုးချုပ်မယ်။ အခုလည်းကူညီချင်တာတော့မဟုတ်ဘူး။ မနှစ်တုန်းက ခုလိုချိန်မှာ ကူညီထမ်းပေးခဲ့ဖူးတာပေါ့။ ဘာဖြစ်လို့ မသွားချင်ကြတာလဲဆိုရင် သူတို့က လုံခြုံရေးတာဝန်မယူကြတော့ ရခိုင်တွေနေတဲ့ရွာရောက်ရင် တစ်ခုခုဖြစ်မှာစိုးရိမ်တယ်။ မနှစ်က ဆန်တွေထမ်းပေးတုန်းကလည်း သူတို့က နောက်တစ်ခါ မထမ်းပေးတော့နဲ့၊ ထမ်းပေးတယ်ဆိုရင် ဆိုပြီးခြိမ်းခြောက်တာခံရဖူးတယ်။ အခုသွားမယ့်ရွာကလည်း ရခိုင်ရွာပဲ၊ ပြီးတော့မီးဇာရွာပတ်ပတ်လည်မှာ ရခိုင်ရွာတွေကြီးပဲ။ အခုလည်း ဘယ်သူမှမထွက်ချင်ကြဘူး။ ဆိုတော့ သိပ်မကြာခင် အုပ်ချုပ်ရေးမှူးတွေ အစည်းအဝေးပြန်ထိုင်မယ်။ မိုးတွင်းတော့ လှေနဲ့သွားရတော့ မထမ်းရဘူးပေါ့” လို့ ပြောပါတယ်။

အခုလို နယ်မြေမတည်မငြိမ်ဖြစ်တဲ့ချိန်မှာ တောထဲသွားရမှာ ဒေသခံတွေကြောက်ရွံ့ကြတယ်။ ပလက်ဝမြို့နယ်မှာ တောထဲသွားရင်းနဲ့ ပျောက်ဆုံးသွားတာ (၈၂)ဦးရှိပြီလို ပြည်နယ်စည်ပင်မှူး ဦးစိုးထက်ကဆိုပါတယ်။

(Zawgyi)

ပလက္ဝၿမိဳ႕နယ္ မီးဇာေက်း႐ြာနဲ႔ ဒုကၡသည္စခန္းကျပည္သူေတြကို တပ္မေတာ္က ေပၚတာထမ္းခိုင္း

၂၀၁၉၊ ေအာက္တိုဘာ (၂၃)
ပလက္ဝၿမိဳ႕နယ္ မီးဇာေက်း႐ြာနဲ႔ ယင္း႐ြာမွာရွိတဲ့ ဒုကၡသည္စခန္းက ျပည္သူေတြကို တပ္မေတာ္က ေပၚတာထမ္းခိုင္းတာေၾကာင့္ ဒီမနက္ မီးဇာကေန လူအခ်ဳိ႕ဆန္ထမ္းေပးေနၿပီလို႔သတင္းရရွိပါတယ္။

မီးဇာေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေဟြေလာ့က “စစ္တပ္က ဒုကၡသည္စခန္းကိုလည္း အကူအညီေတာင္းတယ္၊ ေစခိုင္းတယ္။ မီးဇာ႐ြာကိုလည္း အကူအညီေတာင္းတယ္၊ ေစခိုင္းတယ္။ ဒီမနက္သြားရမွာ အခုလူေတြစည္း႐ုံးေနတုန္း တခ်ိဳ႕တစ္ေလေတာ့စသြားေနၿပီ၊ တခ်ိဳ႕ကမသြားခ်င္ၾကဘူး။ ဘယ္လိုလုပ္ရမလဲမသိဘူး။ မနက္ျဖန္ တပ္မမႉးဆီမွာသြားမယ္။ သြားရမွာက ဥသလင္းေခ်ာင္းဘက္မွာ” လို႔ေျပာပါတယ္။

မီးဇာေက်း႐ြာကေန ဥသလင္းေခ်ာင္းဘက္ဟာ ေျခလ်င္နဲ႔တစ္ေန႔သြား ခရီးျဖစ္ပါတယ္။ ဆိုင္ကယ္လမ္းလည္းမရွိပဲ ေျခလ်င္လမ္းသာရွိပါတယ္။ တပ္မေတာ္ဘက္ကေတာ့ ဆန္တစ္အိတ္ ၄ ေထာင္ ေပးမယ္လို႔သိရပါတယ္။

မီးဇာေက်း႐ြာ ဆယ္အိမ္မႉးဦးေမာင္လြမ္းက “ဒီခရီးက ေန႔ခ်င္းျပန္ဆိုရင္ မိုးခ်ဳပ္မယ္။ အခုလည္းကူညီခ်င္တာေတာ့မဟုတ္ဘူး။ မႏွစ္တုန္းက ခုလိုခ်ိန္မွာ ကူညီထမ္းေပးခဲ့ဖူးတာေပါ့။ ဘာျဖစ္လို႔ မသြားခ်င္ၾကတာလဲဆိုရင္ သူတို႔က လုံၿခဳံေရးတာဝန္မယူၾကေတာ့ ရခိုင္ေတြေနတဲ့႐ြာေရာက္ရင္ တစ္ခုခုျဖစ္မွာစိုးရိမ္တယ္။ မႏွစ္က ဆန္ေတြထမ္းေပးတုန္းကလည္း သူတို႔က ေနာက္တစ္ခါ မထမ္းေပးေတာ့နဲ႔၊ ထမ္းေပးတယ္ဆိုရင္ ဆိုၿပီးၿခိမ္းေျခာက္တာခံရဖူးတယ္။ အခုသြားမယ့္ရြာကလည္း ရခုိင္ရြာပဲ၊ ၿပီးေတာ ့မီးဇာရြာပတ္ပတ္လည္မွာ ရခိုင္ရြာေတြၾကီးပဲ။ အခုလည္း ဘယ္သူမွမထြက္ခ်င္ၾကဘူး။ ဆိုေတာ့ သိပ္မၾကာခင္ အုပ္ခ်ဳပ္ေရးမႉးေတြ အစည္းအေဝးျပန္ထိုင္မယ္။ မိုးတြင္းေတာ့ ေလွနဲ႔သြားရေတာ့ မထမ္းရဘူးေပါ့” လို႔ ေျပာပါတယ္။

အခုလို နယ္ေျမမတည္မၿငိမ္ျဖစ္တဲ့ခ်ိန္မွာ ေတာထဲသြားရမွာ ေဒသခံေတြေၾကာက္႐ြံ႕ၾကတယ္။ ပလက္ဝၿမိဳ႕နယ္မွာ ေတာထဲသြားရင္းနဲ႔ ေပ်ာက္ဆုံးသြားတာ (၈၂)ဦးရွိၿပီလို ျပည္နယ္စည္ပင္မႉး ဦးစိုးထက္ကဆိုပါတယ္။