ပလက်ဝမြို့မှာ စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် တစ်ဦး သေဆုံး

၁၁၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ကလေးငယ် တစ်ဦး သေဆုံးကာ၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပလက်ဝမြို့ကို ဒီနေ့ ဖေဖော်ဝါရီလ (၁၁) ရက်၊ ညနေ (၄) နာရီ (၄၅) မိနစ်အချိန်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် (၂) ကြိမ်ခန့် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့တဲ့အပြင် ဂျက်လေယာဉ်ပေါ်ကနေ စက်သေနတ်ဖြင့် ပစ်ခတ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်မှာ ပလက်ဝမြို့ အားလုံးစုံရှိ စစ်ကောင်စီ တပ်ရင်း တပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက် ရရှိထားပြီး ပလက်ဝမြို့က စစ်ကောင်စီ ရုံး၊ ဌာနတွေမှာ AA တပ်ဖွဲ့တွေက တပ်စွဲထားတယ်လို့ သိရပါတယ်။

တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်အချို့ အနည်းစု မြို့ထဲ ပြန်လာနေကြပြီလို့ သိရပါတယ်။

ပလက်ဝမြို့နယ်က စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းတွေကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက် သိမ်းပိုက်ရရှိထားပေမယ့် စစ်ကောင်စီကနေ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဇန်နဝါရီတွင်း အရပ်သား ကလေးငယ်အပါဝင် ၁၁ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပလက်ဝမြို့ကို စစ်ကောင်စီက လေကြောင်းကနေ မကြာခဏ စောင့်ကြည့်မူတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မူနဲ့ ပတ်သက်ပြီး ထိခိုက် သေဆုံးမူစရင်းတွေကို ဒေသခံအား ဖုန်းဆက်သွယ်ထားပေမယ့် ဆက်သွယ်လို့ မရသေးတာကြောင့် Zalen အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါ။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေးနှင့် ၂၀၂၅ ခုနှစ် အလားအလာ

ကို‌ဗန် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးကဏ္ဍ ရှိ ငွေကြေးဖောင်းပွမှုနှုန်းမှာ (၂၆)ရာခိုင်နှုန်းအထိ ရှိလာနေပြီး လူဦးရေသုံးပုံ နှစ်ပုံမှာ ဆင်းရဲတွင်းထဲသို့ ရောက်နေသည်။ မကြာသေးမှီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူဦးရေ(၁၅)သန်းမှာ အစာရေစာ ရှားပါးမှုဒဏ်ကို ...

ဆက်ဖတ်ရန်