ပလက်ဝမြို့ ရိက္ခာရပ်ကွက်တွင် တိုက်ပွဲဖြစ်ပွား

ပလက်ဝမြို့ ရိက္ခာရပ်ကွက် ကြိုဆိုပါ၏ဆိုင်းဘုတ်အနီးတွင် ဒီမနက် (၈)နာရီခန့်က တပ်မတော်နဲ့ အေအေလက်နက်ကိုင်တပ်ဖွဲ့ကြားပစ်ခတ်မှုဖြစ်ပွားတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ကုလာတန်မြစ်တစ်ဖက်ကမ်းတွင် စစ်တပ်ကုန်းရှိပြီး ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းအပြန်အလှန်ပစ်ခတ်ကြတာဖြစ်တယ်။

ပလက်ဝမြို့ဒေသခံတစ်ဦးက “ပစ်ခတ်တာက ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်ကြာမယ်။ လက်နက်ကြီးသံလည်းကြားရတယ်။ လက်နက်ငယ်သံလည်းကြားရတယ်။ ထိခိုက်ဒဏ်ရာနဲ့ ပျက်စီးမှုက ဘာမှမရှိဘူး။ မြို့ထဲကပြည်သူတွေတော့ အထိန့်တလန့်ဖြစ်နေကြတာပေါ့။ အေ အခုလည်း လေယာဉ်နဲ့လာချတယ်။ ဝုန်းဆိုတဲ့အသံကြားရတယ်။ တစ်ချို့ကြောက်တဲ့သူလည်းရှိတယ်။ ကျနော်ကတော့ နားယှဉ်နေပြီ” လို့ပြောပါတယ်။

တပ်မတော်လေယာဉ်တစ်စီးက နေ့လည် (၁း၂၉) နာရီတွင် ပလက်ဝမြို့အနီးတောင်ကြောတစ်လျှောက်မှာ ဗုံးချဲနေပါတယ်။

Zalen ad

လက်ရှိ ပလက်ဝမြို့ထဲတွင် စစ်ဘေးရှောင်ပြည်သူ နှစ်ထောင်ခန့် ခိုလုံနေကြပါတယ်။

(Zawgyi)

ပလက္ဝၿမိဳ႕ ရိကၡာရပ္ကြက္တြင္ တိုက္ပြဲျဖစ္ပြား

ပလက္ဝၿမိဳ႕ ရိကၡာရပ္ကြက္ ၾကိဳဆိုပါ၏ဆုိင္းဘုတ္အနီးတြင္ ဒီမနက္ (၈)နာရီခန္႔က တပ္မေတာ္နဲ႔ ေအေအလက္နက္ကုိင္တပ္ဖြဲ႔ၾကားပစ္ခတ္မႈျဖစ္ပြားတယ္လို႔ ေဒသခံေတြထံမွသတင္းရရွိပါတယ္။

ကုလာတန္ျမစ္တစ္ဖက္ကမ္းတြင္ စစ္တပ္ကုန္းရွိၿပီး ဟိုဘက္ကမ္းနဲ႔ ဒီဘက္ကမ္းအျပန္အလွန္ပစ္ခတ္ၾကတာျဖစ္တယ္။

ပလက္ဝၿမိဳ႕ေဒသခံတစ္ဦးက “ပစ္ခတ္တာက ၁၅ မိနစ္ကေန မိနစ္ ၂၀ ေလာက္ၾကာမယ္။ လက္နက္ၾကီးသံလည္းၾကားရတယ္။ လက္နက္ငယ္သံလည္းၾကားရတယ္။ ထိခိုက္ဒဏ္ရာနဲ႔ ပ်က္စီးမႈက ဘာမွမရွိဘူး။ ၿမိဳ႕ထဲကျပည္သူေတြေတာ့ အထိန္႔တလန္႔ျဖစ္ေနၾကတာေပါ့။ ေအ အခုလည္း ေလယာဥ္နဲ႔လာခ်တယ္။ ဝုန္းဆိုတဲ့အသံၾကားရတယ္။ တစ္ခ်ဳိ႕ေၾကာက္တဲ့သူလည္းရွိတယ္။ က်ေနာ္ကေတာ့ နားယွဥ္ေနၿပီ” လို႔ေျပာပါတယ္။

တပ္မေတာ္ေလယာဥ္တစ္စီးက ေန႔လည္ (၁း၂၉) နာရီတြင္ ပလက္ဝၿမိဳ႕အနီးေတာင္ေၾကာတစ္ေလွ်ာက္မွာ ဗံုးခ်ဲေနပါတယ္။

လက္ရွိ ပလက္ဝၿမိဳ႕ထဲတြင္ စစ္ေဘးေရွာင္ျပည္သူ ႏွစ္ေထာင္ခန္႔ ခိုလံုေနၾကပါတယ္။

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်