ပလက်ဝမှာ AA ဖမ်းဆီးထားတဲ့ ​ကျောင်းဆရာ နှစ်ဦးအပါဝင် ချင်းအမျိုးသား ၉ ဦး ပြန်မလွတ်လာသေးဘဲ အဆက်သွယ်ပြတ်

၂၀၊ မလေ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(AA) ဖမ်းဆီးထားတဲ့ ကျောင်းဆရာ နှစ်ဦးအပါဝင် ချင်းအမျိုးသား (၉) ဦး ပြန်မလွတ်သေးဘဲ မိသားစုဝင်တွေနဲ့ အဆက်သွယ်ပြတ်နေတယ်လို့ ဒေသခံဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က ဘောင်ကူးကျေးရွာမှ ချင်းအမျိုးသား ၃ ဦးနဲ့ ဘောင်ဝီးကျေးရွာမှ ကျောင်းဆရာ ၂ ဦးအပါဝင် ချင်းအမျိုးသား ၆ ဦးကို AA ရဲဘော်တွေက ၎င်းတို့ရဲ့ နေအိမ်တွေ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

“ညနေပိုင်းမှာ အိမ်ထဲဝင်လာပြီး AA တွေက ဖမ်းသွားတာပါ။ ဝင်ဖမ်းတုန်းက ယူနီးဖောင်းနဲ့ သေနတ်တွေနဲ့ လာပြီး ဖမ်းသွားကြတာ။ အခုထိ ပြန်မလွတ်ပေးသေးဘူး။ အဆက်သွယ်လည်း မရသေးဘူး။ ဘာကြောင့်ဖမ်းတာလဲဆိုတာလည်း မသိဘူး။ သူတို့အတွက် အသက်အန္တရယ် စိုးရိမ်ပါတယ်။” လို့ဒေသခံတစ်ဦးက ဆိုပါတယ်။

အဲ့ဒီ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားတွေကို AA က ဘာကြောင့် ဖမ်းသွားတာလဲဆိုတာ မသိရသေးဘဲ အဖမ်းခံရတဲ့နေ့ကစပြီး ဒီနေ့ထိ အဆက်သွယ်ပြတ်နေဆဲလို့ သိရပါတယ်။

အဖမ်းခံရနဲ့သူတွေဟာ ဘောင်ကူးကျေးရွာမှ ဦးကျော်လှ၊ ဦးပျိုလဲ၊ ဦးအောင်ဒိုင်နဲ့ ဘောင်ဝီးကျေးရွာမှ ဦးအောင်လင်း၊ ဦးကျော်ဝင်း၊ ဦးအောင်နင်း၊ ဦးကျော်ထွန်း၊ ဦးအောင်မင်း(ကျောင်းဆရာ)၊ ဦးအောင်စိုး (ကျောင်းဆရာ)တို့ သိရပါတယ်။

သတင်း – ဆလိုင်းအောက်ချင်း

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်