ပလက်ဝ- ကျောက်တော် ရေယာဉ်စီးခ ၁၈၀၀လို့သတ်မှတ်ပေမယ့် ၃၀၀၀ ဆက်လက်ကောက်ခံနေ

အိုက်ခူမီး/၂၄၊ အောက်တိုဘာလ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကြား ပြေးဆွဲပေးလျက်ရှိတဲ့ စစ်ကောင်စီကပြေးဆွဲတဲ့ သင်္ဘောစီးခ ၁၈၀၀ သို့ပြောင်းလဲသတ်မှတ်ကြောင်း ကြေညာပေမယ့် အရင်အတိုင်း တစ်ယောက်ကို ၃၀၀၀ ကျပ်နှုန်း ကောက်ခံနေတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီက အရင်က ပလက်ဝ-ကျောက်တော် သင်္ဘောခရီးစဉ်ကို တစ်ပတ် ၂ ကြိမ်ပြေးဆွဲပေးရာမှ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှစပြီး တစ်ရက်ခြားပုံမှန်ပြေးဆွဲတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ရေယာဥ်စီးခကို တစ်ဦးလျှင် ၁၈၀၀ ကျပ်နှုန်းဖြင့် ကြေညာထားသော်လည်း ယနေ့ထိ ယခင်အတိုင်းလူတစ်ဦးလျှင် ယာဥ်စီးခ ၃၀၀၀ ကျပ်ပေးနေရဆဲလို့ သိရပါတယ်။

” သင်္ဘောခရီးစဉ်ကို တစ်ရက်ခြားပုံမှန်ပြေးဆွဲပေးတဲ့အတွက် ကျန်းမာရေး၊ လူမူရေး၊ ကုန်သယ်ယူပို့ဆောင်ရေးအတွက် အဆင်ပြေပေမယ့် ပလက်ဝ ကုန်စျေးနှုန်းနဲ့ ယာဥ်စီးနင်းခက နဂိုအတိုင်းဘဲ ပြောင်းလဲမူမရှိဘူး”လို့ ပလက်ဝဒေသခံတစ်ဦးကပြောပါတယ်။

၂၀၁၈ ခုနှစ်အထိ ကျောက်တော်-ပလက်ဝဟာ ရေလမ်းသာမက ကုန်းလမ်းပါအသုံးပြုလို့ရပေမယ့် ၂၀၁၉ ခုနှစ်တွင် ကျောက်တော်-ပလက်ဝကားလမ်းမှာ အေအေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်ပွားလို့ ယခုထိ ကားလမ်းပိတ်ထားပါတယ်။ မတူပီဘက် ကားလမ်းလည်း တိုက်ပွဲကြောင့်ပိတ်ထားလို့ ပလက်ဝမြို့နယ်တစ်ခုလုံး ကုန်စည်စီးဆင်းဖို့ ကျောက်တော် ရေလမ်းသာ မှီခိုအားထားနေကြပါတယ်။

နောက်ဆုံးရသတင်းများ

တော်လှန်ရေး ၄ နှစ်ပြည့်အထိန်းအမှတ်အဖြစ် မတူပီမြို့နယ် CDM ကော်မတီမှ အချက် ၃ ချက်ပါသဘောထား ထုတ်ပြန်

၇၊ ဖေဖော်ဝါရီလ၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်ကောင်စီက လက်နက်အားကိုးပြီး မတရားသဖြင့် အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ပြည့် အထိန်းအမှတ် အဖြစ် မတူပီမြို့နယ် CDM ကော်မတီက အချက် ၃ ချက်ပါ သဘောထားကို ဒီကနေ့ထုတ်ပြန်ထားပါတယ်။ ...

ဆက်ဖတ်ရန်