ဒေါက်တာ ဆလိုင်းခင်မောင်သိန်း (ပညာရေး)
နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုတိုင်းတာရာတွင်၎င်းနိုင်ငံ၏ပညာရေးသည်လည်းမရှိမဖြစ်လိုအပ်သောအခန်းကဏ္ဍ တစ်ခု၌ရပ်တည်နေသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည်ပြည်ထောင်စုအသွင်ဖြင့်ဖွဲ့စည်းတည်ဆောက်ခဲ့သော် လည်းပြည်တွင်းစစ်ပွဲများကြောင့်နိုင်ငံတည်ဆောက်ရာတွင်နှောင့်နှေးကြန့်ကြာနသေညျမှာလက်ရှိအခြေအနေထိတိုင် အောင်ပင် ဖြစ်နေသည်။
မြန်မာနိုင်ငံ၏အခြေအနေကိုသုံးသပ်ရာတွင်နိုင်ငံတော်အစိုးရအဆက်ဆက်သည်ပညာရေးမူဝါဒရေးဆွဲရေးသီးသန့်ဥပဒေပြုအာဏာရှိနေပြီးဗဟိုမှငွေကြေးထောက်ပံ့သည့်သဏ္ဍာရေးအာဏာသည်လွှတ်တော်နှင့်ဝန်ကြီးများ၏လက်ထဲတွင်သာရှိသည်။ပြည်နယ်/တိုင်းဒေသကြီးအစိုးရသည်စေ့စပ်ဆောင်ရွက်ခြင်းအခန်းကဏ္ဍတွင်သာလုပ်ပိုင်ခွင့်ရှိပြီး၊ပညာရေးဆိုင်ရာအဆောက်အအုံ၁၂နှင့်ယန္တရားများကိုပညာရေးဝန်ကြီးဌာနမှတိုက်ရိုက်စီမံခန့်ခွဲသည့်အတွက်ဖယ်ဒရယ်ဒီမိုကရေစီပညာရေးစံနှုန်းနှင့်မကိုက်ညီပါ။ထို့ကြောင့်တိုင်းရင်းသားဒေသများအတွင်းအခြေခံပညာရေးအဆောက်အအုံမလုံလောက်ခြင်း၊ကျောင်းအင်္ဂါစဉ်မပြည့်မှီခြင်း၊ပညာသင်စရိတ်ကြီးမားခြင်း၊ကျောင်းဆရာ၊ဆရာမများမလုံလောက်ခြင်း၊ဒေသတွင်းဖွံ့ဖြိုးရေးနိမ့်ကျခြင်း၊လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသများတွင်စာသင်ကျောင်းများမရှိတော့ခြင်း၊နည်းသွားခြင်း၊ကျောင်းဖွင့်လှစ်ရန်ခက်ခဲခြင်း၊ကျောင်းနေအရွယ်ကလေးငယ်များပညာသင်ခွင့်ဆုံးရှုံးမှုများပြားခြင်း၊တိုင်းရင်းသားဒေသရှိကျောင်းများတွင်သင်ရိုးညွှန်းတမ်းနှင့်သင်ကြားမှုဘာသာစကားအခက်အခဲများရှိခြင်း၊ပညာရေးတွင်တိုင်းရင်းသားများနှင့်အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုများသည်ဖြင့်ဖြစ်ပေါ်လျက်ရှိသည်။
ထိုကြောင့်တိုင်းပြည်အတွက်ဝမ်းနည်းမှုဖြစ်ရသလို၊စိုးရိမ်မှုများလည်းဖြစ်ရှိနေမိခြင်းပါ။ခေတ်နှင့်လျှော်ညီသောပညာ ရေးစနစ်ကိုပြောင်းလဲနိုင်ဖို့အတွက်ငွေများများမလိုပါ။စေတနာသာလိုနေခြင်းပါ။တာဝန်ရှိ၍ပညာရေးမူဝါဒများပြု ပြင်ပြောင်းလဲခြင်းကိုမဆောင်ရွက်လိုသူများထက်တာဝန်သိ၍ပညာရေးမူဝါဒများပြုပြင်ပြောင်းလဲခြင်းကိုဆောင်ရွက် ပေးလိုသူများကိုသာမျှော်လင့်နေမိခြင်းပါ။
ဖက်ဒရယ်ပညာရေးအကြောင်း (Federal Education)
့ကြားကာလနှင့်အနာဂတ်တွင်ကျောင်းသူကျောင်းသားများအတွက်ကောင်းမွန်သည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုအခြေခံသည့်ပညာရေးစနစ်တစ်ခုပေါ်ထွန်းလာနိုင်စေရန်လိုအပ်ပေသည်။ဦးတည်ချက်ပညာရေးသည်လူသားတိုင်း၏အခြေခံလူ့အခွင့်အရေးဖြစ်သောကြာင့်၊တိုင်းရင်းသားအသီးသီး၏စာပေယဉ်ကျေးမူတို့ကိုထိန်းသိမ်းကာကွယ်နိုင်ရန်နှင့်အမျိုးသားလူမှုဘဝမြင့်မားတိုးတက်ရန်၊လွတ်လပ်စွာကိုယ်ပိုင်တွေးခေါ်မျှော်မြင်မှုများရှင်သန်ရပ်တည်ရေးကိုအာမခံပေးပြီးနိုင်ငံတကာပညာရေးနှင့်ရင်ဘောင်တန်းနိုင်မည့်အမျိုးသားပညာရေးစနစ်တစ်ရပ်ကိုဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်နှင့် အညီ ပြဌာန်းဖော်ဆောင်ရန်။
အခြေခံလမ်းညွှန်မူများ
၁။ လူ့အခွင့်အရေးကို အခြေခံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးစနစ် ဖြစ်ရမည်။
၂။ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားပညာရေးကျောင်းများကို တရားဝင် ရပ်တည်ခွင့် ရှိရမည်။
၃။ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်တိုင်းရင်းသားအသီးသီး၏စာပေယဉ်ကျေးမှုကိုမပျက်မယွင်းအောင်ထိန်းသိမ်းစောင့်ရှောက်သည့်အပြင်၊ပိုမိုတိုးတက်ကောင်းမွန်အောင်ဒေသလိုအပ်ချက်နှင့်အညီ ဖော်ဆောင်ရမည်။
၄။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မည့်အသိပညာများသည်ဒေသလိုအပ်ချက်နှင့်ကိုက်ညီသည့်ပညာရေး ဖြစ်ရမည်။
(ဗဟို)အစိုးရ၏ပညာရေးဆိုင်ရာတာဝန်နှင့်ဝတ္တရား
ဖက်ဒရယ်ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်တွင်(ဗဟို)အစိုးရ၏ပညာရေးဆိုင်ရာတာဝန်နှင့်ဝတ္တရားတို့ကိုပိုင်းဖြတ်ပေးထားပါသည်။အထူးသဖြင့်ဖက်ဒရယ်အစိုးရသည်အမျိုးသားပညာရေးမူဝါဒများနှင့်တစ်နိုင်ငံလုံးအပေါ်လွှမ်းခြုံစေမည့် ပညာရေး အစီအစဉ်များကိုချမှတ်ရေးဆွဲသည်။ပညာရေးတန်းတူညီမျှခြင်းကိစ္စရပ်များ၊ကလေးတိုင်းပညာသင်ကြားခွင့်ရရှိရေးကိစ္စများ၊အရည်အသွေးမြင့်မားရေးကိစ္စများနှင့်အဆင့်မြင့်နှင့်နိုင်ငံတကာပညာရေး၊ပညာရှင်အဆင့်သုတေသနလုပ်ငန်းရပ်များကို တာဝန်ယူပါသည်။ဖက်ဒရယ်ပညာရေးဝန်ကြီးထားရှိပြီးပါလီမန်တွင်လည်းပညာရေးအတွင်းဝန်များထားရှိသည်။ပြည်နယ်အလိုက်ပညာရးဝန်ကြီးဌာနကိုထားရှိကြသည်။ပညာရေးအသုံးစရိတ်အားဖက်ဒရယ်အစိုးရ(ဗဟိုအစိုးရ)၏ပြဌာန်းချက်များအပေါ်အခြေခံ၍သက်ဆိုင်ရာပြည်နယ်အစိုးရများကလွတ်လပ်စွာတာဝန်ယူဆောင်ရွက်ရသည်။ဖက်ဒရယ်နှင့်ပြည်နယ်အစိုးတို့ကတိုက်ရိုက်ဝင်ရောက်စွက်ဖက်မှုမရှိဘဲကိုယ်ပိုင်ကျောင်းများ၊အမျိုးသားကျောင်းများတွင်မှာလည်းကိုယ်ပိုင်မူဝါဒများချမှတ်ကျင့်သုံးနိုင်ခွင့် ရှိသည်။
သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်
ပညာရေးကိုအဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြပါသည်။ခေတ်စနစ်၏လိုအပ်ချက်အရ၊ရှင်သန်မှုလိုအပ်ချက်အရဖွင့်ဆိုကြခြင်းဖြစ်ရာဒေသအလိုက်၊ခေတ်အလိုက်ကွဲပြားနိုင်ပါသည်။ဘုံစံနှုန်းများတူညီသည့်တိုင်အောင်ပညာရေးဦးတည်ချက်မှာကွဲလွဲနိုင်ပါသည်။ယေဘုယျအဓိပ္ပါယ်ဖွင့်ဆိုချက်များထဲတွင်“လူသားတို့၏ဘဝလိုအပ်ချက်များနှင့်အညီလူ့အဖွဲ့အစည်းအတွင်းလိုက်လျောညီထွေငြိမ်းချမ်းစွာရှင်သန်နေထိုင်နိုင်ရေးအတွက်ကြံစည်၊စိတ်ကူးတီထွင်လုပ်ဆောင်နိုင်သည့်စွမ်းရည်များ ရရှိအောင် ပြုစုပျိုးထောင် လေ့ကျင့် သင်ကြားပေးခြင်း” ဟူ၍ဖြစ်သည်။မြန်မာ့ပညာရေးကို ဆရာစဉ်ဆက် ဖွင့်ဆိုခဲ့သည့် အမြင်တစ်ခုလည်း ဖြစ်၏။ ဖက်ဒရယ်ပြည်ထောင်စု၏ ပညာရေး မျှော်မှန်းချက်အနေဖြင့်လည်း ယေဘုယျ လက်ခံနိုင်စရာဟု ရှုမြင်ပါသည်။
သို့ရာတွင်မေးခွန်းများစွာပေါ်ထွက်လာပါသည်။တိုင်းရင်းသားတို့၏ဘဝလိုအပ်ချက်မှာအဘယ်နည်း၊သူတို့၏ရှင်သန်မှုအတွက်လိုအပ်သောစွမ်းရည်များကိုမည်သို့သတ်မှတ်ထားပါသနည်း၊မည်သူတို့ကပြဌာန်းသတ်မှတ်ထားသောအရာများနည်း။မည်သည့်စနစ်နှင့်လိုက်လျောညီထွေငြိမ်းချမ်းအောင်နေထိုင်ရပါမည်နည်း။သေချာသည်မှာဖက်ဒရယ်ပြည်ထောင်စုလူမှုအဆောက်အအုံနှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို လွမ်းမော မျှော်ရည်တမ်းတ နေကြရဆဲ မြန်မာတိုင်းရင်းသားတို့ အဖို့ နှစ်၆၁ကြောျ မြန်မာ့ပညာရေးမှ ပြည့်ပြည့်၀၀၊ များများစားစား မရခဲ့ကြသေးခြင်းပင်။ ဤတွင် ပညာရေးစနစ်ထဲမှ သင်ရိုးညွှန်းတမ်းအပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာတော့သည်။
အပိုင်း (၂) ဆက်လက်ဖော်ပြမည်။