ဖမ်းဆီးခံရတဲ့ ကလေးမြို့ သပိတ်အဖွဲ့ဝင် ၄ ဦးနေအိမ် ချိတ်ပိတ်ခံရ

ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်း တံတားဦးတွင် တော်လှန်သင်္ကြန်သပိတ်ဆင်နွဲစဉ် ဖမ်းဆီးခံရ ၄ ဦးရဲ့ နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။

၎င်းတို့ဟာ ယမန်နေ့ ဧပြီ ၁၆ ရက်နေ့လည်တွင် လျှပ်တပြတ်သပိတ် ပြုလုပ်နေစဉ် သတင်းပေးဒလန်ကြောင့် စစ်ကောင်စီတပ်မှ သေနတ်ပစ်ဖောက်ကာ ကားဖြင့်လိုက်လာပြီး ၄ ဦးဖမ်းဆီးခံရ တာပါ။

ဖမ်းဆီးခံရတဲ့ သပိတ်အဖွဲ့ဝင်တွေကတော့ ကိုသန်းစိုးဦး၊ မကျင်ဒိတ်ကင်၊ မနှင်းစံ၊ ကိုမျိုးကိုဝင်းတို့ဖြင့်ပါတယ်။ ၎င်းတို့ဟာ ကလေးမြို့ တောင်ဖီလာရပ်ကွက်၊ အောင်သစ္စာရပ်ကွက်၊ အောင်မင်္ဂရပ်ကွက်ထဲက ၎င်းတို့နေအိမ်ကို ချိတ်ပိတ်ခဲ့တာဖြစ်တယ်။

သပိတ်နဲ့ဆက်စပ်သူများရဲ့ နေအိမ်များကိုလည်း ချိတ်ပိတ်ခံရတယ်လို့သတင်းကြားပေမယ့် အတည်ပြုလို့မရသေးပါ။

နောက်ဆုံးရသတင်းများ

တစ်နှစ်အတွင်း မြဝတီကျားဖြန့် ကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်

၉၊ ဇူလိုင်၊ ၂၀၂၅Zalen ၂၀၂၄ ဇူလိုင် ကနေ ၂၀၂၅ ဇူလိုင်အထိ တစ်နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် တွေကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်လာခဲ့တယ်လို့ ရန်ကုန်ရှိ အိန္ဒိယသံရုံးက ...

ဆက်ဖတ်ရန်