ဖလမ်းမြို့နယ် လုမ်ဘန်ရွာတွင် အိမ်တစ်လုံးမီးလောင်

ဖလမ်းမြို့အနီး လုမ်ဘန်ရွာကျေးရွာတွင် ဒီမနက် (၅)နာရီခန့်က Pi Thuah Tlung (၈၀ နှစ်)ရဲ့ ပျဉ်ထောင်အိမ်တစ်လုံးမီးလောင်ပြာကျသွားတယ်လို့သတင်းရရှိပါတယ်။

လုမ်ဘန်ကျးရွာအုပ်ချုပ်ရေးမှူး ဦးသျှိုရန်နွန်ပဲန် (Pu Thian Nun Peng) က “မီးလောင်တဲ့အိမ်က ရွာရဲ့ထိပ်ဆုံး တောင်ကုန်းမှာ တစ်အိမ်ထဲဘဲရှိတော့ ကျနော်တို့သိတဲ့ချိန်မှာတောင် အကုန်လုံးလောင်ခါနီးဖြစ်နေပြီ။ မီးဘယ်လိုစလောင်တာလဲဆိုတာတော့ မသိရပေမယ့် လျှပ်စစ် shock ဖြစ်မယ်လို့ပဲယူဆကြတယ်။ လူတွေထိခိုက်ဒဏ်ရာရရှိတာတော့မရှိပေမယ့် အိမ်ထဲက ပစ္စည်းဘာတစ်ခုမှ မယူနိုင်ဘူး” လို့ပြောပါတယ်။

Pi Thuah Tlung ဟာ သားသမီး (၆)ယောက်မွေးဖွားပေမယ့် ယောကျ်ားနဲ့ သားသမီး (၂)ယောက်ဆုံးပါးသွားပြီဖြစ်ပါတယ်။

Zalen ad

လုမ်ဘန်ကျေးရွာဟာ ကလေးဘက်ကနေသွားရင် ဖလမ်းမြို့မရောက်ခင် ကလေး-ဖလမ်း-ဟားခါး ကားလမ်းမဘေးတွင် တည်ရှိတဲ့ ရွာကြီးကြီးတစ်ရွာဖြစ်ပါတယ်။ သူတို့ရွာဟာ ဗားရ်ရေအားလျှပ်စစ်ကနေ လျှပ်စစ်မီး သုံးစွဲကြပါတယ်။

(Lumbang)

ဖလမ္းၿမိဳ႕နယ္ လုမ္ဘန္ရြာတြင္ အိမ္တစ္လံုးမီးေလာင္

ဖလမ္းၿမိဳ႕အနီး လုမ္ဘန္ေက်းရြာတြင္ ဒီမနက္ (၅)နာရီခန္႔က Pi Thuah Tlung (၈၀ ႏွစ္)ရဲ႕ ပ်ဥ္ေထာင္အိမ္တစ္လံုးမီးေလာင္ျပာက်သြားတယ္လို႔သတင္းရရွိပါတယ္။

လုမ္ဘန္က်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးသွ်ဳိရန္ႏြန္ပဲန္ (Pu Thian Nun Peng) က “မီးေလာင္တဲ့အိမ္က ရြာရဲ႕ထိပ္ဆံုး ေတာင္ကုန္းမွာ တစ္အိမ္ထဲဘဲရွိေတာ့ က်ေနာ္တုိ႔သိတဲ့ခ်ိန္မွာေတာင္ အကုန္လံုးေလာင္ခါနီးျဖစ္ေနၿပီ။ မီးဘယ္လိုစေလာင္တာလဲဆိုတာေတာ့ မသိရေပမယ့္ လွ်ပ္စစ္ shock ျဖစ္မယ္လို႔ပဲယူဆၾကတယ္။ လူေတြထိခိုက္ဒဏ္ရာရရွိတာေတာ့မရွိေပမယ့္ အိမ္ထဲက ပစၥည္းဘာတစ္ခုမွ မယူႏိုင္ဘူး” လုိ႔ေျပာပါတယ္။

Pi Thuah Tlung ဟာ သားသမီး (၆)ေယာက္ေမြးဖြားေပမယ့္ ေယာက်္ားနဲ႔ သားသမီး (၂)ေယာက္ဆံုးပါးသြားၿပီျဖစ္ပါတယ္။

လုမ္ဘန္က်းရြာဟာ ကေလးဘက္ကေနသြားရင္ ဖလမ္းၿမိဳ႕မေရာက္ခင္ ကေလး-ဖလမ္း-ဟားခါး ကားလမ္းမေဘးတြင္ တည္ရွိတဲ့ ရြာၾကီးၾကီးတစ္ရြာျဖစ္ပါတယ္။ သူတို႔ရြာဟာ ဗားရ္ေရအားလွ်ပ္စစ္ကေန လွ်ပ္စစ္မီး သံုးစြဲၾကပါတယ္။

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်