ဖလမ်းမြို့ရဲ့ ပထမဆုံးကိုဗစ်-၁၉ လူနာတစ်ဦး ဆေးရုံကဆင်းပြီ

ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိတဲ့ ရွေးကောက်ပွဲ အထူးရဲသင်တန်းသားတစ်ဦးဟာ ဒီမနက် (၁၀)နာရီက ဆေးရုံကဆင်းခွင့်ပြုလိုက်ပြီလို့သတင်းရရှိပါတယ်။

အထူးရဲသင်တန်းသားဟာ ပြည်သူ့ဆေးရုံတွင် (၁၁)ရက်ကြာ ဆေးကုသမှုခံယူပြီးနောက် ကိုဗစ်-၁၉ ရောဂါလက္ခဏာမရှိတဲ့တွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ၎င်းနေအိမ်တွင် (၇)ရက်ကြာ Home Quarantine ဖြင့်ဆက်လက်နေထိုင်မှာဖြစ်တယ်။

ရွေးကောက်ပွဲ လုံခြုံရေးအထူးရဲသင်တန်းသားဟာ ဖလမ်းမြို့နယ်၊ လှောင်မွာလ်ကျေးရွာနေ အသက်(၁၈)နှစ် အမျိုးသားဖြစ်ပြီး ၎င်းနဲ့ဆက်စပ်တဲ့သူတွေလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိစစ်ဆေးရာ အားလုံး Negative ဖြစ်ပါတယ်။

၎င်းဟာ ဖလမ်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အထူးရဲသင်တန်းတက်ရောက်နေစဉ် အထူးရဲသင်တန်းသားများအား ကျန်းမာရေးဝန်ထမ်းများက အောက်တိုဘာ ၉ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိကို Antigen Test Kit ဖြင့် စစ်ဆေးရာတွင် ပိုးတွေ့ရှိခြင်းဖြစ်တယ်။ လက်ရှိ ဖလမ်းမြို့တွင် ကိုဗစ်-၁၉ လူနာ (၃)ဦးကျန်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်