ဖလမ်းမြို့ မီးလောင်ကျွမ်းမှုနဲ့ပတ်သက်တဲ့ လူရမ်းကား(၃)ဦးကို CNDF ကဖမ်းဆီး

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင်း ၃နေရာကို လူရမ်းကား (၃)ဦးက မတ် ၅ ရက်ည ၉ နာရီလောက်က ဓာတ်ဆီဖြင့်မီးရှို့ပေမယ့် ပြည်သူတွေက အချိန်မီငြိမ်းသတ်နိုင်ခဲ့ပါတယ်။

အကြံစည်မထမြောက်တာကြောင့် မတ်လ ၆ ရက် မနက် ၁၀ နာရီတွင် ဖလမ်း-ရိဒ်ကားလမ်းမကြီးပေါ်က လိုင်းမွှာလ်ကျေးရွာမရောက်မီ အိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးကြပါတယ်။

အဆိုပါ (၃)ဦးအား CCTV မှတ်တမ်းများနဲ့ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်များအရ CNO/CNDF မှ လိုက်လံစုံစမ်းရာ Biak Ceu Lal, Ceu Lian Hum နဲ့ Sang Lian တို့ဖြစ်ကြောင်းထင်ရှားသည့်အတွက် Biak Ceu Lal နဲ့ Ceu Lian Hum တို့အား မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် ဖမ်းဆီးခဲ့ရပြီး Sang Lian အား မီဇိုရမ်ပြည်နယ်၊ နယ်စပ် ဇိုခေါထာရ်ရွာတွင်ဖမ်းဆီးခဲ့ရာ CNDF အချုပ်ခန်းတွင် ထိန်းသိမ်းထားကြပါတယ်။

မတ်လ (၆)ရက် ညသန်းခေါင် (၁၁:၃၀)နာရီခန့်တွင် ဖလမ်းမြို့၊ တလန်လိုရပ်ကွက် (လန်ပါး)ရှိ နေအိမ်(၃)လုံး မီးလောင်ကျွမ်းမှုတွင်လည်း ၎င်းတို့ (၃)ဦးအား သံသယတရားခံအဖြစ် ထားရှိပြီး စစ်ဆေးမေးမြန်းလျက်ရှိရာ ဆက်လက်ဖော်ထုတ်သွားမယ်လို့ CNO/CNDF ကထုတ်ပြန်ထားပါတယ်။

ဖလမ်းမြို့အတွင်း ပြည်သူလူထု၏ အိုးအိမ်ပျက်စီးစေလိုမှုနှင့် ကြောက်ရွံ့တုန်လှုပ်စေသောအမှုအား ပြုလုပ်သည့် ၎င်းတို့လူရမ်းကား(၃)ဦးအား ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန် ဖွဲ့စည်းထားသည့် CNO/CNDF အနေဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ခတ်အရေးယူသွားမည်ဟု CNO/CNDF ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

Zawgyi

ဖလမ္းၿမိဳ႕ မီးေလာင္ကြၽမ္းမႈနဲ႔ပတ္သက္တဲ့ လူရမ္းကား(၃)ဦးကို CNDF ကဖမ္းဆီး

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕တြင္း ၃ေနရာကို လူရမ္းကား (၃)ဦးက မတ္ ၅ ရက္ည ၉ နာရီေလာက္က ဓာတ္ဆီျဖင့္မီးရိႈ႕ေပမယ့္ ျပည္သူေတြက အခ်ိန္မီၿငိမ္းသတ္ႏိုင္ခဲ့ပါတယ္။

အၾကံစည္မထေျမာက္တာေၾကာင့္ မတ္လ ၆ ရက္ မနက္ ၁၀ နာရီတြင္ ဖလမ္း-ရိဒ္ကားလမ္းမၾကီးေပၚက လုိင္းမႊာလ္ေက်းရြာမေရာက္မီ အိမ္တစ္လံုးကို မီးရိႈ႕ဖ်က္ဆီးၾကပါတယ္။

အဆိုပါ (၃)ဦးအား CCTV မွတ္တမ္းမ်ားနဲ႔ မ်က္ျမင္သက္ေသေတြရဲ႕ ေျပာၾကားခ်က္မ်ားအရ CNO/CNDF မွ လိိိုက္လံစုံစမ္းရာ Biak Ceu Lal, Ceu Lian Hum နဲ႔ Sang Lian တို႔ျဖစ္ေၾကာင္းထင္ရွားသည့္အတြက္ Biak Ceu Lal နဲ႔ Ceu Lian Hum တို႔အား မီဇိုရမ္ျပည္နယ္၊ အိုင္ေဇာလ္ၿမိဳ႕တြင္ ဖမ္းဆီးခဲ့ရၿပီး Sang Lian အား မီဇိုရမ္ျပည္နယ္၊ နယ္စပ္ ဇိုေခါထာရ္႐ြာတြင္ဖမ္းဆီးခဲ့ရာ CNDF အခ်ဳပ္ခန္းတြင္ ထိန္းသိမ္းထားၾကပါတယ္။

မတ္လ (၆)ရက္ ညသန္းေခါင္ (၁၁:၃၀)နာရီခန႔္တြင္ ဖလမ္းၿမိဳ႕၊ တလန္လိုရပ္ကြက္ (လန္ပါး)ရွိ ေနအိမ္(၃)လုံး မီးေလာင္ကြၽမ္းမႈတြင္လည္း ၎တို႔ (၃)ဦးအား သံသယတရားခံအျဖစ္ ထားရွိၿပီး စစ္ေဆးေမးျမန္းလ်က္ရွိရာ ဆက္လက္ေဖာ္ထုတ္သြားမယ္လုိ႔ CNO/CNDF ကထုတ္ျပန္ထားပါတယ္။

ဖလမ္းၿမိဳ႕အတြင္း ျပည္သူလူထု​​၏ အိုးအိမ္ပ်က္စီးေစလိုမႈႏွင့္ ေၾကာက္႐ြံ႕တုန္လႈပ္ေစေသာအမႈအား ျပဳလုပ္သည့္ ၎တို႔လူရမ္းကား(၃)ဦးအား ျပည္သူလူထု၏ အသက္၊ အိုးအိမ္၊ စည္းစိမ္ကို ကာကြယ္ရန္ ဖြဲ႕စည္းထားသည့္ CNO/CNDF အေနျဖင့္ ျပင္းျပင္းထန္ထန္ ဒဏ္ခတ္အေရးယူသြားမည္ဟု CNO/CNDF ရဲ႕ထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်