ဗီယက်နမ် ရေကြီး မြေပြိုမှု သေဆုံးသူ ၁၀၀ အထိ တိုးလာပြီး ၁၂ ဦး ပျောက်ဆုံး

နိုဝင်ဘာ ၂၄၊ ၂၀၂၅

Zalen

ဗီယက်နမ်နိုင်ငံရဲ့ အလယ်ပိုင်းနဲ့ အလယ်ပိုင်း ကုန်းမြင့်ဒေသတွေမှာ ရက်ပေါင်းများစွာ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူသေဆုံးသူ အရေအတွက်မှာ ၁၀၀ အထိ မြင့်တက်လာပြီး ၁၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသတွင်း မီဒီယာတွေက ယနေ့မနက်မှာ ဖော်ပြကြပါတယ်။

ယခုနှစ် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုအဖြစ် ကြုံတွေ့နေရပြီး ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံး ခံစားရတဲ့ ဒေသမှာ တောင်ပေါ်ဒေသဖြစ်တဲ့ ဒတ်က်လတ်က် (Dak Lak) ပြည်နယ် ဖြစ်ပါတယ်။

Zalen ad

ဒတ်က်လတ်က်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်ကာ မှတ်တမ်းတင်ထားတဲ့ သေဆုံးသူ ၉၀ ဦးအနက် ၆၀ ဦးကျော် ရှိခဲ့ပြီး ထောင်ပေါင်းများစွာသော နေအိမ်တွေ ရေနစ်မြုပ်ခဲ့ပါတယ်။

အခြား ထိခိုက်မှုများပြားသော ပြည်နယ်တွေမှာ ကမ်းရိုးတန်းဒေသဖြစ်တဲ့ ခန်းဟွာ (Khanh Hoa) ပြည်နယ်လည်း ပါဝင်တယ်။

ကြီးမားသော ဆုံးရှုံးထိခိုက်မှုများမှာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ နေအိမ် ၂၃၅,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး သီးနှံစိုက်ခင်း ဟက်တာ ၈၀,၀၀၀ ကျော် ပျက်စီးခဲ့သလို ကြက်နဲ့ မွေးမြူရေးတိရစ္ဆာန် ၃.၂ သန်းကျော် သေဆုံးတာခဲ့ပြီး ရေနဲ့အတူမျောပါမှုများလည်းရှိခဲ့ပါတယ်။

ရေကြီးမှုကြောင့် ပြည်နယ်ငါးခုရှိ စီးပွားရေးဆုံးရှုံးမှုဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၄၁ သန်း ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။

မြေပြိုမှုနဲ့ ရေကြီးမှုကြောင့် ပြည်ထောင်စုလမ်းမကြီးတွေနဲ့ ရထားလမ်းပိုင်းအချို့ ပိတ်ဆို့နေဆဲဖြစ်ကာ ကယ်ဆယ်ရေးလုပ်ငန်းအတွက် အခက်အခဲများ ဖြစ်ပေါ်စေခဲ့ပါတယ်။

ရေဘေးသင့်ဒေသများသို့ စားနပ်ရိက္ခာနဲ့ အကူအညီများကို ရဟတ်ယာဉ်များဖြင့် ချပေးလျက်ရှိပါတယ်။

ဗီယက်နမ် ဟာ နှစ်စဉ် ရေကြီးမှုနဲ့ မုန်တိုင်းဒဏ်ကို ခံစားရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် အခုနှစ်ဟာ ထူးထူးခြားခြား ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပါတယ်။

အစိုးရအနေနဲ့ ပြင်းထန်သော ရေကြီးရေလျှံမှုနဲ့ သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ဆောင်ရွက်ဖို့ တိုက်တွန်းထားပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေများ ခွဲဝေချထားပေးလျက်ရှိနေပါတယ်။

သတင်း-ဆလိုင်း

ကိုးကား-ဗီယက်နမ်သတင်းမီဒီယာများ

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ ဧပြီ ၁ မှာ စတင်မည့် ၂၀၂၆ အခွန်ဥပဒေသစ်၊ စီးကရက်၊ အရက်နဲ့ ဘီယာများအပေါ် အခွန်တိုး

မတ် ၁၆၊ ၂၀၂၆။ Zalen နိုင်ငံအတွင်း ကုန်သွယ်ရေးလုပ်ငန်းများကို စနစ်တကျ ထိန်းညှိနိုင်ရန်နှင့် အခွန်ကောက်ခံမှုစနစ်ကို တိုးတက်ကောင်းမွန်စေရန်အတွက် “၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ” ကို အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းစာမှထုတ်ပြန်ထားပါတယ်။ အဆိုပါဥပဒေကို ၂၀၂၆ ...

ဆက်ဖတ်ရန်