ဘဏ္ဍာရေးအကြပ် EAO အချက်

၂၀၂၁ မြန်မာ့ နွေဦးတော်လှန်ရေး ကြာလာသည်နှင့်အမျှ ဘက်ပေါင်းစုံတွင် အားနည်းချက်နှင့် အားသာချက်များ သိသာထင်ရှားစွာ တွေ့မြင်လာရသည်။ ဒေသန္တရတော်လှန်ရေးအဖွဲ့အစည်းများ၌ ကာကွယ် ရေး၊ အုပ်ချုပ်ရေးနှင့် တရားရေးဆိုင်ရာ ဖြတ်သန်းမှု ​အတွေ့အကြုံ ပိုမို၍ ရင့်ကျက်လာကြသည်ကို တွေ့ရသည်။ တဖက်တွင်လည်း အဖွဲ့အစည်းအတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် တော်လှန်ရေးဆိုင်ရာအယူအဆများ၊ သဘောထားများနှင့် ချည်းကပ်ပုံများ ပြောင်းလဲလာသည်ကို ထပ်မံတွေ့မြင်ရသည်။ ယင်းပြောင်းလဲမှုများ၏ အခြေခံမှာ အတွေ့အကြုံဖြစ်သည်။ တော်လှန်ရေးအတွေ့အကြုံက တော်လှန်ရေးရင့်ကျက်မှုကို ပေး သည်။

တော်လှန်ရေးကာလတွင် မဖြစ်မနေ ဖြတ်သန်းကြုံတွေ့မည့် အချက်များစွာရှိသည့်အနက် ဖော်ပြပါအချက်များသည် အရေးကြီးဆုံး ဖြစ်မည်ဟု ယူဆသည်။

၁။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေခိုင်မာစွာ ရေးဆွဲပြဌာန်းခြင်းနှင့် ကျင့်သုံးခြင်း

၂။ မူဝါဒပြဌာန်းခြင်းနှင့် ကျင့်သုံးခြင်း

၃။ သက်ဆိုင်ရာကဏ္ဍအလိုက် အရည်အချင်းရှိသော ခေါင်းဆောင်မှုခိုင်မာစွာ တည်ဆောက်ခြင်း

၄။ မှန်ကန်သော တရားစီရင်ရေးတည်ဆောက်ခြင်း

၅။ စိုးမိုးထိန်းချုပ်နယ်မြေခိုင်မာ​တိကျစွာတည်ဆောက်အုပ်ချုပ်ခြင်း

၆။ ဘဏ္ဍာရေးဆိုင်ရာ ခိုင်မာမှုရှိခြင်း

၇။ ကာကွယ်ရေးနှင့်အုပ်ချုပ်ရေးပိုင်းဆိုင်ရာတည်ဆောက်ဖွဲ့စည်းပုံ စနစ်ကျခြင်း

၈။ မဟာမိတ်​တည်ဆောက်ခြင်း

၉။ အမိန့်၊ ညွှန်ကြားချက်၊ လမ်းညွှန်ချက်များစနစ်ကျခြင်းနှင့် လက်တွေ့ကျစွာ လိုက်နာကျင့်သုံးခြင်း

၁၀။ CDM ရေးရာရပ်တည်ချက် ခိုင်မာခြင်းစသဖြင့် သတ်မှတ်နိုင်သည်။

အထက်ပါ အရေးကြီးဆုံး ၁၀ ချက်အနက် ဒေသန္တ ရတော်လှန်ရေးအဖွဲ့အစည်းများ၏ ကံကြမ္မာကို အ ဆုံးအဖြတ်ပေးလာမည့် အဓိကအချက်မှာ ဘဏ္ဍာ ရေးဆိုင်ရာ ခိုင်မာမှု ရှိ/ မရှိနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် အရည်အချင်းရှိသော ခေါင်းဆောင်မှု ခိုင် မာစွာတည်ဆောက်ခြင်း  ရှိ၊ မရှိ အပေါ် မူတည်နေသည်။ ဘဏ္ဍာရေးအားနည်းချက်ကြောင့် တချို့သော ဒေသန္တရတော်လှန်ရေးအဖွဲ့အစည်းများ ဆက်လက်ရပ်တည်၍ မရတော့ဘဲ ဖျက်သိမ်းပစ် (သို့) ပြိုကွဲလာကြမည်မှာ ယုံမှားဖွယ်ရာမရှိပါ။ ထို ဖျက်သိမ်းခံ(သို့) ပြိုကွဲလိုက်ရမည့် ဒေသန္တရတော် လှန်ရေးအဖွဲ့အစည်းများသည် မည်သည့် အဖွဲ့အ စည်းတွင် ဝင်ရောက်ပူးပေါင်းကြမည်နည်းဟူသော မေးခွန်းသည် စိတ်ဝင်စားစရာ ကောင်းပါသည်။

ဒေသန္တရတော်လှန်ရေးအဖွဲ့အစည်းတရပ်အနေဖြင့် စိုးမိုးထိန်းချုပ်နယ်မြေ ခိုင်မာ​တိကျစွာ တည် ဆောက်အုပ်ချုပ်ခြင်းနှင့် မဟာမိတ်​တည်ဆောက်ခြင်းတို့၌ ကြီးမားသော အားနည်းချက် ဖြစ်ပေါ်လာပါက အဖွဲ့အစည်းပြိုကွဲနိုင်ခြေများသည်ကိုလည်း သတိပြုသင့်သည်။ နယ်မြေစိုးမိုးထိန်းချုပ်ရေးသည် နယ်နိမိတ်ပြဿနာကို ဖြစ်ပွားစေသကဲ့သို့ အုပ်ချုပ်ရေးထူထောင်ခြင်းနှင့် သက်ဆိုင်နေပါ သည်။ နယ်နမိတ် အငြင်းပွားမှုသည် ကြီးမားသော လူမျိုးရေးပဋိပက္ခကို ဦးတည်စေပြီး လက်နက်ကိုင်လူမျိုးစုကြားတိုက်ပွဲမလွဲမသွေ ဖြစ်ပွားကြမည်မှာ သံသယ ရှိစရာမလိုပါ။ နောက်ဆက်တွဲအနေဖြင့် ဆိုင်ရာမဟာမိတ်များ ပါဝင်လာနိုင်ပြီး အကျိုး ဆက်ကြီးမသွားနိုင်သည်။ ထိုမှတဆင့် နောက်ဆက် တွဲ နိုင်ငံရေးနှင့်စစ်ရေးဆိုင်ရာဖိအားများကြောင့် ပြိုကွဲသွားနိုင်သည်။ ထပ်ဆင့်အကျိုးဆက်မှာ မျိုး ဆက်အစဥ်အဆက် အပြန်အလှန် လူမျိုးရေးရန် ငြိုးဖွဲ့ခြင်းပင် ဖြစ်သည်။

CDM ရေးရာဆိုင်ရာရပ်တည်ချက် ခိုင်မာမှု ရှိ၊ မရှိသည် ၂၁ မြန်မာ့နွေဦးတော်လှန်ရေးကို ကြီးမား သော အကျိုးဆက်ဖြစ်ပေါ်စေပါလိမ့်မည်။ CDM အရေးရာနှင့်စပ်လျဥ်းပြီး တိကျသော မှတ်တမ်းထားရှိရန် လိုအပ်သည်။ CDM တရားဝင်ပြုလုပ်သူ များ၊ CDM မပြုလုပ်သူများစာရင်းနှင့်အာဏာသိမ်းစစ်ကောင်စီလက်ထက်၌ လခစားဝင်ရောက် လုပ် ကိုင်များစာရင်းကို တိကျစွာ စာရင်းကောက်ယူရန် လိုအပ်သည်။ သက်ဆိုင်ရာ နယ်မြေဒေသ တော် လှန်ရေးအဖွဲ့အစည်းများမှ ဆောင်ရွက်ခြင်းမပြုပါက ထိန်ချန်မှု၊ အားပေးမှု၊ အကာအကွယ်ပေးမှုဖြင့် နောင်တချိန်တွင် အရေးယူရမည်သာ ဖြစ်သည်။ ထို့ပြင် တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များနှင့် မိသားစု CDM ဆက်စပ်မှုအချက်အလက်ကိုစနစ်တကျ မှတ်တမ်းတင်ရန် အထူးလိုအပ်သည်။

မိမိက တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင် ​ဖြစ်နေသော်လည်း မိမိ၏ မိဘများ (သို့) ခင်ပွန်း(သို့) ဇနီး (သို့) မွေးချင်းများ CDM မပြုလုပ်ခြင်း၊ မိမိ၏ မိသားစုဝင်များမှ အာဏာသိမ်းစစ်​ကောင်စီလက် ထက်တွင် လခစားဝင်ရောက် လျှောက်ထား လုပ် ကိုင်ခြင်းသည် လုံးဝ ယုတ္တိမတန်သော (သို့) လက်ခံနိုင်စရာ မရှိသော လုပ်ရပ်ဖြစ်သည်။ တော်လှန်ရေးကို အိုးမည်းသုတ်သော လုပ်ရပ်ဖြစ်သည်။ CDM လုပ်၊ မလုပ် ရွေးချယ်ပိုင်ခွင့် ကိစ္စရပ်သည် လူ့အခွင့်အရေးမဟုတ်သကဲ့သို့ ဒီမိုကရေစီကျင့်စဥ်လဲ မဟုတ်ပါ။ ရာဇဝတ်အားပေးမှု မြောက်၊ မမြောက် တရားစီရင်ဆုံးဖြတ်ရမည့် တရားရေးဥပဒေဆိုင်ရာသာဖြစ်သည်ကို နားလည်သဘောပေါက်သင့်သည်။ ထို့ကြောင့် CDM ရေးရာဆိုင်ရာ ရပ်တည် ချက် ခိုင်မာမှု ရှိ၊ မရှိခြင်းသည် အဖွဲ့အစည်းခေါင်း ဆောင်မှုနှင့် အဖွဲ့အစည်း၏ မူဝါဒပြဿနာကို ဖြစ်စေပြီး အဖွဲ့အစည်းရပ်တည်ရေးကို ထိခိုက်စေပါ

လိမ့်မည်။

ချင်းပြည်နယ်ကဲ့သို့သော နေရာတွင် ပြိုကွဲသွားသည့် အဖွဲ့အစည်းများ၏ လားရာသည် တစ်နေရာသာ ရှိသည်ကို သိနိုင်ပါသည်။ ထိုနေရာမှာ ချင်းအမျိုး သားတပ်ဦး(CNF) သာ ဖြစ်သည်။ CNF မှလွဲ၍ ချင်းအားလုံးကို စုစည်းသည့် တခြားသော တော် လှန်ရေးအဖွဲ့အစည်း မရှိတော့ပေ။ ချင်းပြည်နယ်ရှိ ဒေသန္တရတော်လှန်ရေးအဖွဲ့အစည်းများ ပြိုကွဲမှုများလာလေလေ ချင်းအမျိုးသားတပ်ဦး၏ အင် အားကြီးထွားလာလေလေ ဖြစ်ပါလိမ့်မည်။ အကြောင်းမှာချင်းပြည်တော်လှန်ရေးအဖွဲ့အစည်းအားလုံးနီးပါးသည် လူမျိုးစုကို အခြေခံထားသောကြောင့် ဖြစ်သည်။ ပြိုကွဲသွားသော လူမျိုးစုဒေသ န္တရတော်လှန်ရေးအဖွဲ့အစည်းအနေဖြင့် တခြားသော လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်း၌ ဝင်ရောက်ရန်မှာ ဖြစ်နိုင်ခြေအလွန်နည်းပါးလှသည်။ ဤသည်မှာ ချင်းအမျိုးသားတပ်ဦးအတွက် ကြီး မားသော မျှော်လင့်ချက်နှင့်အခွင့်ထူး ဖြစ်သည်။

ဗမာလူမျိုးများ၏ တော်လှန်ရေးအဖွဲ့အစည်းများတွင်မူ နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းများ (သို့)

မိတ်ဖက်မဟာမိတ်အဖွဲ့အစည်းများတွင် ဝင်ရောက်ပူးပေါင်းနိုင်ပါသည်။ ဗမာလူမျိုး၌ BPLA ကဲ့သို့သော စနစ်ကျသည့် တော်လှန်ရေးအဖွဲ့အစည်းနည်း ပါးသော်လည်း BPLA ရှိနေခြင်းကလည်း ဗမာလူ မျိုးများအတွက် ကောင်းမွန်လှသော အခွင့်အရေးတရပ်ဟု ရှုမြင်ရပါမည်။ ကျန်သည့် တိုင်းရင်းသားလူမျိုးများ၏ နယ်မြေဒေသအသီးသီးတွင်မူ EAO များထံ ဝင်ရောက်ပူးပေါင်းကြမည်မှာ သေချာပါ သည်။ ထို့ကြောင့် ဒေသန္တရတော်လှန်ရေးအဖွဲ့အ စည်းများ၏ ဆက်လက်ရပ်တည်နိုင်ရေး အခက် အခဲအကြပ်အတည်းများသည် EAO များအတွက် အားသာချက်ကို ဖြစ်လာစေမည်မှာ မုချပင်ဖြစ် သည်။

စစ်ဘုရင်ငယ်များ များပြားလာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ပြဿနာများကို ကြိုတင်ကာကွယ်ကိုင်တွယ်နိုင်ရေးအတွက် ဖြစ်နိုင်ကြောင်း ယူဆရပါသည်။ တော်လှန်ရေးဘတ် ဂျက်ရံပုံငွေ ချို့တဲ့ခြင်းများကြောင့် ဖြစ်ပေါ်လာနိုင်သော ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှု၊ မတရားသဖြင့် ကြီးလေးစွာ အခွန် ကောက်ခံမှု၊ အတ္တမသိမ်းယူမှုစသည့် ပြဿနာများမှာ ပြည်သူအတွက် မတွေးဝံစရာအထိ ရှိနေနိုင်ပါ သည်။ ထို့ကြောင့် EAO များ၏ အင်အားပိုမိုကြီးထွားလာသည်နှင့်အမျှ တစ်ချို့သော လက်နက်ကိုင်များကို ဖျက်သိမ်းပစ်ရန် ကြိုးပမ်းဖိအားပေးမှုများလည်း ရှိလာနိုင်ပါသည်။

ကမ္ဘာ့စီးပွားရေးအခြေအနေ၊ ကမ္ဘာ့နိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခများ အနေအထားကို လေ့လာခြင်းအားဖြင့် တော်လှန်ရေးဘဏ္ဍာရံပုံငွေများ ပိုမိုကြပ်တည်းလာမည်ဖြစ်ပြီး မကြာသော အချိန်ကာလတွင် တစ် ချို့သော ဒေသန္တရတော်လှန်ရေးအဖွဲ့အစည်းများ ဖျက်သိမ်းခံ (သို့) ပြိုကွဲလာကြတော့မည်ဟု သုံး သပ်နိုင်ပါသည်။

ဒေသန္တရတော်လှန်ရေးအဖွဲ့အစည်းများကို ပြိုကွဲစေမည့် အဓိကအချက်မှာ ဘဏ္ဍာရေးပြဿနာဖြစ်မည်ဟု သုံးသပ်သည်။

တော်လှန်ရေးအဖွဲ့အစည်းများ ပြိုကွဲသွားပါက သက်ဆိုင်ရာတပ်ဖွဲ့ဝင်များ တော်လှန်ရေးတာဝန်ဆက်လက် ထမ်းဆောင်ရန် အဖြစ်နိုင်ဆုံးနေရာသည် EAOများ၊ သက်ဆိုင်ရာတော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းများ၌သာ ဖြစ်ပါလိမ့်မည်ဟု သုံးသပ်ပါသည်။

Khaisa

2024 May 27 on Mon @ 9:51 Pm (In)

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်