ဘူးသီးတောင်မြို့နယ်မှာ မြိုအမျိုးသားနှစ်ဦး တစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေ

၁၇၊ မလေ၊ ၂၀၂၄

Zalen

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာအမျိုးသား တစ်ဦးဆီ အပ်နှံထားတဲ့ နွားတွေကို သွားကြည့်တဲ့ မြိုအမျိုးသား နှစ်ဦး တစ်ပတ်ကျော်ထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ဇော်ဘော်ကျေးရွာမှာ နေထိုင်တဲ့ ရိုဟင်ဂျာ အမျိုးသား တစ်ဦးဆီ အပ်နှံထားတဲ့ နွားတွေကိုသွားကြည့်နေတဲ့ မြိုအမျိုးသား နှစ်ဦးဟာ နေအိမ်ပြန်ရောက်မလာသေးဘဲ ပျောက်ဆုံးနေတယ်လို့ သိရပါတ။

Zalen ad

“မေလ ၁၀ ရက်နေ့ ညနေလောက်က ရိုဟင်ဂျာရွာက အသိတစ်ယောက်ဆီ အပ်ထားတဲ့ နွားတွေကြည့်ဖို့ဆိုပြီး နှစ်ယောက်သွားကြတာ အခုထိ ပြန်မလာသေးဘူး။ ရွာသားတွေက စိတ်ပူလို့ ဓမ္မဆရာ တစ်ယောက်အပါဝင် လူလေးယောက် ထပ်ရှာတယ်။ အဲ့မှာ ရိုဟင်ဂျာစစ်သားတွေက ဝိုင်းရိုက်ပြီး ရှာဖို့မပေးဘူး။ ပျောက်သွားတဲ့ နှစ်ယောက်လည်း အသတ်ခံရတာဖြစ်ဖို့များတယ်။”လို ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲ့ဒီ ပျောက်သွားတဲ့ မြိုအမျိုးသားနှစ်ဦးကို လိုက်ရှာတဲ့ မြိုဓမ္မဆရာအပါဝင် လေးဦးကိုလည်း ရိုဟင်ဂျာလက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက လိုက်ရှာခွင့် မပေးတဲ့အပြင် ရိုက်နှက်ပြီး ပြန်လွတ်လိုက်တယ်လို့ သိရပါတယ်။

ပျောက်ဆုံးသွားတဲ့ မြိုအမျိုးသား နှစ်ဦးဟာ ကင်းချောင်းရွာက အသက် (၅၅)နှစ်အရွယ် ဦးဇာနီဖြူ၊ ဘီစတူရွာက အသက် (၅၁) အရွယ် ဦးကာထွန်းအောင်လို့ သိရပါတယ်။

အဲ့ဒီ မြိုအမျိုးသားနှစ်ကို ရွာသားတွေက အသတ်ခံရပြီလို့လည်း ယူဆကြပြီလို့လည်း သိရပါတယ်။

သတင်း – ဆလိုင်းအောက်ချင်း

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ ဧပြီ ၁ မှာ စတင်မည့် ၂၀၂၆ အခွန်ဥပဒေသစ်၊ စီးကရက်၊ အရက်နဲ့ ဘီယာများအပေါ် အခွန်တိုး

မတ် ၁၆၊ ၂၀၂၆။ Zalen နိုင်ငံအတွင်း ကုန်သွယ်ရေးလုပ်ငန်းများကို စနစ်တကျ ထိန်းညှိနိုင်ရန်နှင့် အခွန်ကောက်ခံမှုစနစ်ကို တိုးတက်ကောင်းမွန်စေရန်အတွက် “၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ” ကို အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းစာမှထုတ်ပြန်ထားပါတယ်။ အဆိုပါဥပဒေကို ၂၀၂၆ ...

ဆက်ဖတ်ရန်