မင်းကင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းခဲ့

သြဂုတ် ၂၉၊၂၀၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် ပျူစောထီးတပ်များ တပ်စွဲထားသော ကံရွာကို သြဂုတ်လ ၂၈ရက် နံနက်ပိုင်းတွင် မင်းကင်းနယ်တော်လှန်ရေးတပ်ပေါင်းစုများမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ၁၀ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ဒေသသတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ တပ်ပေါင်းစုတွင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(Student’s Revolutionary Force – SRF)၊ တိမ်လွှာဒေါင်းမင်း ပကဖအဖွဲ့နှင့် Local PDF များပါဝင်ကာ တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်သား ၇ဦးမှ ၁၀ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသူ ၅ဦးနှင့်အထက်ရှိ ကြောင်းနှင့် S.R.F တပ်ဖွဲ့မှ ရဲဘော် ၃ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (Student’s Revolutionary Force – SRF) က ယမန်နေ့ သြဂုတ်လ ၂၈ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

စစ်ကောင်စီတပ်များထံမှ Carbine M2 (၂)လက်၊ ပြောင်းချော (၂)လက်၊ 0.30ကျည် (၁၉၃)တောင့်၊ ပြောင်းချောကျည် (၇၂)တောင့်၊ Carbine ကျဥ်ဘောက် (၅)ခု၊ ဖုန်း (၂၈)လုံးနှင့် ဆိုင်ကယ် (၇)စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပူးတွဲပါရှိပါသည်။

Zalen ad

“မင်းကင်းမြို့နယ်အတွင်း ဒေသခံတော်လှန်ရေးရဲဘော်များ စုပေါင်းထားတဲ့ ကျွန်တော်တို့တပ်ပေါင်းစုအနေနဲ့ တိုက်ခိုက်ရေးကို ယခင်ကထက်ပိုမိုအရှိန်မြင့်တင်နေပြီဖြစ်လို့ မင်းကင်းမြို့နယ်ရှိ စကစနဲ့ ၄င်းတို့ထောက်တိုင် ပျူစောထီးရပ်ရွာတွေမှာ နေထိုင်ကြတဲ့ မိဘပြည်သူများအနေနဲ့ ၄င်းတို့နှင့်ဝေးရာနေရာများမှာ နေထိုင်ပေးကြပါ”ဟု (S.R.F)တပ်မှူး ဆရာစံမှလည်း ပြည်သူများထံသို့ အသိပေးအကြောင်းကြား ထားပါသည်။

လတ်တလောတွင် စစ်ကောင်စီတပ်သည် ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်း တစ်ကြောလုံးတွင် စစ်မျက်နှာအလွန်များကာ စစ်ပန်းနေပြီး စစ်ရာဇဝတ်မှုများပိုမို ကျူးလွန်လျက်ရှိလာကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရပါသည်။

ပုံစာ – ကာကွယ်ရေးတပ်ပေါင်းစုများမှ သိမ်းဆည်းရမိသော စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းနှင့် ပစ္စည်းတစ်ချို့

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်