မင်းကင်းမြို့နယ်လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ ၇ ဦးတိုးလာ၊ယနေ့ထပ်မံလေကြောင်းတိုက်ခိုက်

၄၊ဇွန်၊၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ် မတောရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဇွန်လ၃ရက်နေ့မှာ

လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သား ၂၂ဦးသေဆုံးခဲ့ပြီး အချိန်မှီဆေးကုသခွင့်မရတာကြောင့် သေဆုံးသူ ဦးရေ ၂၉ ထိရှိလာတယ်လို့ သိရပါတယ်။

Zalen ad

ယနေ့ ဇွန်လ ၄ရက်နေ့ မနက် ၁၀နာရီဝန်းကျင်မှာ မင်းကင်းမြို့နယ်၊ပျဉ်းကိုင်းကျေးရွာကို စစ်ကောင်စီက ထပ်မံလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“မနေ့ကတော့ ပွဲချင်းသေသွားတာ ၂၂ယောက်ရှိတယ်။ဒဏ်ရာပြင်းထန်ပြီး ဆေးကုဖို့မမှီလိုက်လို့ မနေ့ညမှာထပ်သေတာတွေရှိတယ်။စုစုပေါင်းက ၂၉ယောက်ရှိပြီ၊ထပ်တိုးလာနိုင်တယ်”လို့ မင်းကင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့်စစ်ကြောင်းထိုးနေတာကြောင့် မတောရွာအပါအဝင်ရွာ၆ရွာရှိ ဒေသခံပြည်သူထောင်နဲ့ချီဟာ ဘေးလွတ်ရာ တောထဲကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

သတင်း- HAK

နောက်ဆုံးရသတင်းများ

စစ်ခေါင်းဆောင်က ၁၅ နှစ်တာ တပ်ချုပ်သက်တမ်းကို ပြန်သုံးသပ်ပြီး ဒု-တပ်ချုပ်ကို ကျေးဇူးတင်စကားဆို

မတ် ၁၄၊ ၂၀၂၆ Zalen အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ မတ်လ ၁၃ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တပ်ပိုင်းဆိုင်ရာ ထိပ်သီးတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ တပ်ချုပ်တာဝန်ယူခဲ့တဲ့ ၁၅ ...

ဆက်ဖတ်ရန်