မင်းတပ်မြို့နယ်ကျေးရွာ လေယာဉ်နဲ့ဗုံးကြဲလို့ အရပ်သားတစ်ဦး ထပ်မံသေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းပါကျေးရွာပေါ် စစ်ကောင်စီက ယမန်နေ့ ဧပြီ ၁၆ ရက်ညနေ ၄ နာရီလောက်တွင် ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံး ၁၇လုံးကြဲတာကြောင့် အရပ်သား ၂ ဦးပွဲချင်းသေဆုံးပြီး ယနေ့ဧပြီ ၁၇ ရက်တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးထပ်မံသေဆုံးတယ်လို့ CDF-Mindat ကသတင်းထုတ်ပြန်ထားပါတယ်။

ဗုံးကြဲတိုက်ခိုက်လို့သေဆုံးသူများဟာ အသက် ၇၀ အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်ပါတယ်။ ဒါ့ပြင် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၅ ဦး စုစုပေါင်း ၇ ဦးထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ် ၂ လုံးမီးလောင်ပြီး စုစုပေါင်းလူနေအိမ် ၉ လုံးပျက်စီးခဲ့ပါတယ်။

ဒါ့ပြင် မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကနေ ၎င်းကျေးရွာဝန်းကျင်ကို ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြပါတယ်။

နောက်ဆုံးရသတင်းများ

တစ်နှစ်အတွင်း မြဝတီကျားဖြန့် ကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်

၉၊ ဇူလိုင်၊ ၂၀၂၅Zalen ၂၀၂၄ ဇူလိုင် ကနေ ၂၀၂၅ ဇူလိုင်အထိ တစ်နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် တွေကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်လာခဲ့တယ်လို့ ရန်ကုန်ရှိ အိန္ဒိယသံရုံးက ...

ဆက်ဖတ်ရန်