မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုထပ်မံ ပြုလုပ်

၆ ၊ဇွန် ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်အတွင်းရှိ တိုက်နယ် အမှတ် ၂ ၊ချပ်ကျေးရွာအနီးတစ်ဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီမှ ဒီကနေ့ ညနေ ၄ နာရီ ၁၀မိနစ်အချိန်တွင် လေကြောင်းတိုက်ခိုက်သွားတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးတာတွေရှိနိုင်တယ်လို့သိရပေမယ့် အသေးစိတ် မသိရသေးပါ။

Zalen ad

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဒေသခံပြည်သူတစ်ဉီးက”ရွာထဲတော့မဟုတ်ဘူး၊နီးတယ်ဗျ၊ရွာပတ်ဝန်းကျင်တွေကိုပစ်တာ၊နှစ်စီးနဲ ၄ လုံးကြဲတယ်၊ ပျက်စီးမှုတွေရှိနိုင်တယ်၊အသေးစိတ်မသိရသေးဘူး” လို့ Zalen ကိုပြောပါတယ်။

ဇွန်လ၄ ရက်ညသန်ခေါင်အချိန်မှာလည်းအကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရမ်ပန်ကျေးရွာ က အရပ်သားပြည်သူ တစ်ဉီးသေဆုံးပြီးတစ်ဉီးဒဏ်ရရှိကာလူနေအိမ် ရှစ်လုံး ပျက်စီး တယ်လို့သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ဒေသမှာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပ

ဇန်နဝါရီ ၁၄၊ ၂၀၂၆။ Zalen စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂတိုင်းရင်းသားရိုးရာ နှစ်သစ်ပွဲတော် ကို ယနေ့ဇန်နဝါရီလ ၁၄ ရက်နေ့ကစတင်ကျင်းပခဲ့တယ် ဒေသသတင်းများအရသိရပါတယ်။ ယ‌ေန့ဇန်နဝါရီလ ၁၄ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသလေရှီးမြို့ မှာ နှစ်စဉ်ကျင်းပနေတဲ့ နာဂတိုင်းရင်းသားရိုးရာ ...

ဆက်ဖတ်ရန်