မင်းတပ်မြို့နယ်တွင် နွားနောက်ရှာဖွေနေတဲ့ ဒေသခံ ၂ ဦး မိုင်းနင်းမိ၍ သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်းကြား မကြိုင်ရွာအနီးမှာ ဧပြီ ၂ ရက်နေ့က အမျိုးသား ၂ ဦး နွားနောက်ရှာဖွေနေစဉ် မိုင်းနင်းမိတာကြောင့် သေဆုံးကြတယ်လို့သတင်းရရှိပါတယ်။

မိုင်းနင်းမိ၍ သေဆုံးသူတွေဟာ မကြိုင်ကျေးရွာသား အသက် ၆၀ ဝန်းကျင်အရွယ်အမျိုးသား နဲ့ သက်လတ်ပိုင်း လူငယ်တစ်ဦး တို့ဖြစ်ပါတယ်။

မင်းတပ်-မတူပီလမ်းတလျှောက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က မြေမြုပ်မိုင်းထောင်ထားကြပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ယင်းလမ်းကို အသုံးအပြုကြဖို့ မတ် ၁၈ ရက်က သတိပေးစာထုတ်ပြန်ခဲ့ပါတယ်။

Zalen ad

Zawgyi

မင္းတပ္ၿမိဳ႕နယ္တြင္ ႏြားေနာက္ရွာေဖြေနတဲ့ ေဒသခံ ၂ ဦး မိုင္းနင္းမိ၍ ေသဆံုး

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္ မင္းတပ္-မတူပီလမ္းၾကား မၾကိဳင္ရြာအနီးမွာ ဧၿပီ ၂ ရက္ေန႔က အမ်ဳိးသား ၂ ဦး ႏြားေနာက္ရွာေဖြေနစဥ္ မိုင္းနင္းမိတာေၾကာင့္ ေသဆံုးၾကတယ္လုိ႔သတင္းရရွိပါတယ္။

မိုင္းနင္းမိ၍ ေသဆံုးသူေတြဟာ မၾကိဳင္ေက်းရြာသား အသက္ ၆၀ ဝန္းက်င္အရြယ္အမ်ဳိးသား နဲ႔ သက္လတ္ပိုင္း လူငယ္တစ္ဦး တို႔ျဖစ္ပါတယ္။

မင္းတပ္-မတူပီလမ္းတေလွ်ာက္မွာ အာဏာသိမ္းစစ္ေကာင္စီတပ္က ေျမျမဳပ္မုိင္းေထာင္ထားၾကၿပီး မင္းတပ္ၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ကလည္း ယင္းလမ္းကို အသံုးအျပဳၾကဖို႔ မတ္ ၁၈ ရက္က သတိေပးစာထုတ္ျပန္ခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

အသစ် ပြဋ္ဌာန်းတဲ့ ဥပဒေမှာ စစ်တပ်ဆန့်ကျင်သူတွေနဲ့ CDM တွေကို နိုင်ငံကူးလက်မှတ်လုပ်ခွင့် တားမြစ်

မတ် ၁၈၊ ၂၀၂၆ Zalen အာဏာသိမ်းစစ်ကောင်စီဟာ CDM ဝန်ထမ်းတွေနဲ့ သူ့ကိုဆန့်ကျင်သူတွေကို ပစ်မှတ်ထားပြီး နိုင်ငံကူးလက်မှတ် (Passport) ထုတ်မပေးဘဲ တားမြစ်ပိတ်ပင်နိုင်မယ့် မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ (၂၀၂၆) ကို မတ်လ ၁၇ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ ...

ဆက်ဖတ်ရန်