မင်းတပ်မြို့နယ်မှာ စစ်ကောင်စီကလက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်လို့ ကလေးတစ်ဦးခြေထောက်တဘက်ပြတ်

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်နယ်အမှတ် ၄ ဘက် မဒပ်ကျေးရွာပေါ်သို့ ယနေ့ မေ ၂၃ ရက် မနက် ၈ နာရီလောက်က လက်နက်ကြီးနဲ့ အချက်ပေါင်းများစွာရမ်းသမ်းပစ်ခတ်ကြပါတယ်။

ဒါကြောင့် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးခြေထောက်တဘက်ပြတ်သွားပြီး အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ ဒါ့ပြင် ရွာထဲက လူနေအိမ် ၂လုံးလည်း လက်နက်ကြီးထိမှန်ကာ ပျက်စီးသွားတယ်လို့ CDF-Mindat(သတင်းနှင့်ပြန်ကြားရေးဌာန) ကထုတ်ပြန်ထားပါတယ်။

မဒပ်ကျေးရွာဟာ မင်းတပ်မြို့နဲ့ မျက်နှာချင်းဆိုင်တောင်ကြောပေါ်မှာတည်ရှိပြီး လေမိုင်နဲ့ဆိုရင် ၃ မိုင်လောက်သာဝေးပါတယ်။

ယမန်နေ့ မေ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်ကလည်း မင်းတပ်မြို့ အရှေ့ပြင်မီးသတ်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို CDF-Mindat က သွားရောက်ပစ်ခတ်ရာ မိနစ် 30 ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်မှ(2)ဦးသေဆုံးကာ CDF-Mindat ဘက်အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။

Zawgyi

မင္းတပ္ၿမိဳ႕နယ္မွာ စစ္ေကာင္စီကလက္နက္ႀကီးနဲ႔ရမ္းသမ္းပစ္ခတ္လို႔ ကေလးတစ္ဦးေျခေထာက္တဘက္ျပတ္

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕မွာတပ္စြဲထားတဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္က တိုက္နယ္အမွတ္ ၄ ဘက္ မဒပ္ေက်း႐ြာေပၚသို႔ ယေန႔ ေမ ၂၃ ရက္ မနက္ ၈ နာရီေလာက္က လက္နက္ႀကီးနဲ႔ အခ်က္ေပါင္းမ်ားစြာရမ္းသမ္းပစ္ခတ္ၾကပါတယ္။

ဒါေၾကာင့္ ၁၁ ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦးေျခေထာက္တဘက္ျပတ္သြားၿပီး အသက္ ၄၀ ေက်ာ္အမ်ိဳးသမီးတစ္ဦးရဲ႕ ဦးေခါင္းထိခိုက္ဒဏ္ရာရရွိသြားပါတယ္။ ဒါ့ျပင္ ႐ြာထဲက လူေနအိမ္ ၂လုံးလည္း လက္နက္ႀကီးထိမွန္ကာ ပ်က္စီးသြားတယ္လို႔ CDF-Mindat(သတင္းႏွင့္ျပန္ၾကားေရးဌာန) ကထုတ္ျပန္ထားပါတယ္။

မဒပ္ေက်း႐ြာဟာ မင္းတပ္ၿမိဳ႕နဲ႔ မ်က္ႏွာခ်င္းဆိုင္ေတာင္ေၾကာေပၚမွာတည္ရွိၿပီး ေလမိုင္နဲ႔ဆိုရင္ ၃ မိုင္ေလာက္သာေဝးပါတယ္။

ယမန္ေန႔ ေမ ၂၂ ရက္ ည ၁၀ နာရီဝန္းက်င္ကလည္း မင္းတပ္ၿမိဳ႕ အေရွ႕ျပင္မီးသတ္ကုန္းမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ေတြကို CDF-Mindat က သြားေရာက္ပစ္ခတ္ရာ မိနစ္ 30 ၾကာတိုက္ပြဲျဖစ္ပြားခဲ့ၿပီး စကစဘက္မွ(2)ဦးေသဆုံးကာ CDF-Mindat ဘက္အထိခိုက္မရွိ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်