မင်းတပ်မြို့နယ်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲစဉ် မပေါက်ကွဲသေးတဲ့ ဗုံးများကျန်ရှိ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ချပ်ရွာနဲ့ စွန်တောင်ရွာပေါ်သို့ ဇူလိုင် ၂ ရက်မနက်ပိုင်းက စစ်ကောင်စီ တိုက်လေယာဉ် ၂ စီးက ဗုံးကြဲတိုက်ခိုက်စဉ် မပေါက်ကွဲသေးတဲ့ ဗုံးများကျန်ရှိနေတယ်လို့သတင်းရရှိပါတယ်။

ဒေသခံတစ်ဦးက “တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး ရွာနီးနားမှာ မပေါက်ကွဲသေးတဲ့ ဗုံး ၃/၄ လုံးလောက်ရှိသေးတယ်။ ဗုံးအရွယ်အစားက UPG သင်္ဘောဆေး ပုံးဖြူ အကြီးတစ်ပုံးအရွယ်အစားရှိပါတယ်။ ရွာလုံးကျွတ်ဖြုတ်တဲ့သဘောပါ” လို့ပြောပါတယ်။

တိုက်လေယာဉ် ၂စီးက ဗုံး ၁၀ လုံးလောက် ကျေးရွာတွေအပေါ် ကြဲချတယ်လို့လည်း သိရပါတယ်။

အဲ့ဒီနေ့က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံတာ ရွာသား ၃ ဦးသေဆုံးပြီး ပြည်သူနဲ့ CDF -Mindat ရဲဘော် ၁၄ ဦး ဒဏ်ရာရရှိကြတယ်လို့သိရတယ်။ လက်နက်ကြီးက ကျေးရွာစာသင်ကျောင်းများနဲ့ လူနေအိမ်တွေပေါ်ပေါက်ကွဲတာကြောင့် လူနေအိမ် ၄ လုံးလောက်ပျက်စီးပြီး စာသင်ကျောင်းတစ်ကျောင်းလည်း အနည်းငယ်ပျက်စီးသွားကြောင်းသိရတယ်။

မင်းတပ်မြို့ပေါ်မှာအခြေချတဲ့ စစ်ကောင်စီတပ်ကုန်းကနေလည်း မကြာခဏဆိုသလို အနီးနားက ကျေးရွာတွေပေါ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်လို့ ဒေသခံများထိခိုက်သေဆုံးမှုရှိပြီး လူနေအိမ်တွေလည်း မီးလောင်ပျက်စီးသွားပါတယ်။

Zawgyi

မင္းတပ္ၿမိဳ႕နယ္မွာ တိုက္ေလယာဥ္နဲ႔ ဗုံးႀကဲစဥ္ မေပါက္ကြဲေသးတဲ့ ဗံုးမ်ားက်န္ရွိ

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္ ခ်ပ္ရြာနဲ႔ စြန္ေတာင္ရြာေပၚသို႔ ဇူလိုင္ ၂ ရက္မနက္ပိုင္းက စစ္ေကာင္စီ တိုက္ေလယာဥ္ ၂ စီးက ဗံုးၾကဲတိုက္ခိုက္စဥ္ မေပါက္ကြဲေသးတဲ့ ဗံုးမ်ားက်န္ရွိေနတယ္လုိ႔သတင္းရရွိပါတယ္။

ေဒသခံတစ္ဦးက “တိုက္ေလယာဥ္နဲ႔ ဗုံးႀကဲၿပီး ႐ြာနီးနားမွာ မေပါက္ကြဲေသးတဲ့ ဗုံး ၃/၄ လုံးေလာက္ရွိေသးတယ္။ ဗံုးအရြယ္အစားက UPG သေဘၤာေဆး ပုံးျဖဴ အႀကီးတစ္ပုံးအ႐ြယ္အစားရွိပါတယ္။ ႐ြာလုံးကြၽတ္ျဖဳတ္တဲ့သေဘာပါ” လို႔ေျပာပါတယ္။

တုိက္ေလယာဥ္ ၂စီးက ဗံုး ၁၀ လံုးေလာက္ ေက်းရြာေတြအေပၚ ၾကဲခ်တယ္လုိ႔လည္း သိရပါတယ္။

အဲ့ဒီေန႔က တိုက္ေလယာဥ္နဲ႔ ဗံုးၾကဲတုိက္ခိုက္ခံတာ ရြာသား ၃ ဦးေသဆံုးၿပီး ျပည္သူနဲ႔ CDF -Mindat ရဲေဘာ္ ၁၄ ဦး ဒဏ္ရာရရွိၾကတယ္လုိ႔သိရတယ္။ လက္နက္ၾကီးက ေက်းရြာစာသင္ေက်ာင္းမ်ားနဲ႔ လူေနအိမ္ေတြေပၚေပါက္ကြဲတာေၾကာင့္ လူေနအိမ္ ၄ လံုးေလာက္ပ်က္စီးၿပီး စာသင္ေက်ာင္းတစ္ေက်ာင္းလည္း အနည္းငယ္ပ်က္စီးသြားေၾကာင္းသိရတယ္။

မင္းတပ္ၿမိဳ႕ေပၚမွာအေျခခ်တဲ့ စစ္ေကာင္စီတပ္ကုန္းကေနလည္း မၾကာခဏဆိုသလို အနီးနားက ေက်းရြာေတြေပၚ လက္နက္ၾကီးရမ္းသမ္းပစ္ခတ္လုိ႔ ေဒသခံမ်ားထိခိုက္ေသဆံုးမႈရွိၿပီး လူေနအိမ္ေတြလည္း မီးေလာင္ပ်က္စီးသြားပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်